ကာဂါယန်တောင်ကြား

November 14, 2020

တိုင်ဖွန်းဗန်ကိုကြောင့် ဖိလစ်ပိုင်တွင် ၄၂ ဦး သေဆုံး၊ ကာဂါယန်တောင်ကြားတွင် ရေကြီး

နိုဝင်ဘာ ၁၁ ရက်က ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းမကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ဗန်ကိုကြောင့် လူ ၄၂ ယောက်ထက်မနည်း သေဆုံးပြီး ဒီနှစ်အတွင်း အသေအပျောက် အများဆုံးလည်း ဖြစ်ပါတယ်။ တိုင်ဖွန်းဗန်ကိုကြောင့် ရေကြီးနေတဲ့ မြောက်ပိုင်းကာဂါယန်တောင်ကြားဒေသမှာ နိုဝင်ဘာ ၁၄ ရက်က ကမ်းခြေစောင့်တပ်တွေနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေးတပ်တွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေပါတယ်။  ယခင် ရာသီဥတု မကောင်းတာ၊ ဆည်ရေတွေ ထုတ်လွှတ်တာနဲ့ ကုန်းမြင့်ဒေသဆိုတဲ့ အချက်တွေ ပေါင်းစုပြီး ကာဂါယန်ပြည်နယ်မှာ ရေကြီးနေရတာလို့ ဘေးအန္တရာယ်ကယ်ဆယ်ရေး အေဂျင်စီက ဆိုပါတယ်။  နိုဝင်ဘာ ၁၃ ရက်က အနီးဝန်းကျင် မာဂတ်ဆည်က ထုတ်လွှတ်တဲ့ရေတွေဟာ ၁ စက္ကန့်ကို အိုလံပစ်ရေကူးကန် နှစ်ခု အရွယ်ပမာဏနဲ့ တူညီတယ်လို့ အစိုးရ အချက်အလက်တွေက ဖော်ပြပါတယ်။
2 years Ago
Up