ကာချုပ်ပြော

May 20, 2019

သပ်လျှိုသွေးခွဲသူများက နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေရန် ကြိုးစားနေဟု ကာချုပ်ပြော

သပ်လျှိုသွေးခွဲသူတွေက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့အတွက် ခေတ်အဆက်ဆက် ကြိုးစားနေခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေကြောင်းနဲ့ လေကြောင်း လူငယ်မောင်မယ်တွေနဲ့ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောသွားတာဖြစ်ပြီး နိုင်ငံပျက်စီး ပြိုကွဲဖို့ လှုံ့ဆော်သွေးထိုးသူတွေရဲ့ အယုံ သွင်းမခံရစေဖို့ အထူးဂရုပြုနေထိုင်ကြဖို့လည်း လူငယ်တွေကို ပြောသွားပါတယ်။ ဒါ့အပြင် မိမိတို့ဘ၀တိုးတက်မှုကိုရှာဖွေရင်း တဖက်တလမ်းကလည်း နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားဖို့လိုတဲ့အကြောင်း၊  ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူတွေဖြစ်လို့ နိုင်ငံကြီးသားကောင်းတယောက်ပီသတာကို သက်သေပြကြရမယ်၊ ဒီလိုသက်သေပြကြရာမှာ အပျက်သဘောမပါတဲ့ အပြုသဘောတွေကို ရင်ဝယ်ပိုက်ပြီး ဆောင်ရွက်သွားကြဖို့လိုတယ်လို့လည်း ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံအထဲက လူငယ် လူရွယ်တွေကို မဟုတ်မှန်စကားလုံးတွေနဲ့ စည်းလုံး ညီညွတ်မှုပျက်ပြားစေရန် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေကတဆင့် ၀ါဒဖြန့်ဆောင်ရွက် နေသည်ကိုတွေ့ရလျက်ရှိကြောင်း၊ ဒါ့အပြင် မူးယစ်ဆေးဝါးကို လက်နက်တခုကဲ့သို့ အသုံးချပြီး လူငယ်လူရွယ်တွေကို ဖျက်ဆီးနေခြင်းဖြစ်လို့ မောင်မယ်တို့အနေနဲ့ သတိတရားကို နှလုံးသွင်းပြီး အသိတရားရှိရှိ တွန်းလှန်ကြရန်လိုကြောင်း” ပြောသွားပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း ရေကြောင်းနဲ့ လေကြောင်း သင်တန်းတွေက သင်တန်းသား၊ သင်တန်းသူတွေဟာ နေပြည်တော်အတွင်း လေ့လာရေးခရီးလည်ပတ်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS
2 years Ago

December 29, 2017

ပြည်ထောင်စုခွဲထွက်ခြင်း၊ပဲ့ထွက်ခြင်း၊ကွဲပြားခြင်းမဖြစ်စေရေး အရေးကြီးဟု ကာချုပ်ပြော

ပြည်ထောင်စု ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ်စေရေး အလွန်အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၈ရက်က ရန်ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းနဲ့ အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းဆင်းပွဲ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။ “မိမိတို့နိုင်ငံ၏ ပကတိအရှိတရားများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို အမည်နာမအမျိုးမျိုးနဲ့ နယ်မြေပိုင်းခြား သတ်မှတ်ထားသော်လည်း နယ်မြေဒေသတိုင်းတွင် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြတဲ့အတွက် ပြည်ထောင်စုရဲ့ အသွင်သဏ္ဍာန်ဟာ ခွဲထွက်ခြင်း၊ ပဲ့ထွက်ခြင်း၊ ကွဲပြားခြင်း မဖြစ်စေရေး အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မည်သည့်နယ်မြေ၊ မည်သည့်ဒေသရောက်ရောက် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများကို ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရင့်ကျက်လာအောင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရင်း စည်းရုံးေ ဆာင်ရွက်သွားကြရန်” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ဒါ့အပြင် တပ်မတော်ကို ခေတ်မီတပ်မတော် Standard Army တစ်ရပ်အဖြစ် တည်ဆောက်ရာမှာ ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ်ရတဲ့  အင်အားပြုန်းတီးမှုတွေကို ထိန်းသိမ်းဖို့ လိုအပ်ပြီး အရည်အသွေး မြင့်မားစေဖို့ တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်နေရန်အရေးကြီး ကြောင်း၊ အရည်အသွေး ထက်မြက်ပြည့်ဝတဲ့  ဆေးဘက်ဆိုင်ရာပညာရှင်တွေဖြစ်ဖို့ အနောက်တိုင်းဆေး ပညာရပ်တွင်သာမက မြန်မာ့တိုင်းရင်းဆေးပညာ နယ်ပယ်တွင်ပါ ကျွမ်းဝင်နှံ့စပ်တဲ့ ပညာရှင်တွေဖြစ်အောင် ကြိုးပမ်းသွားကြဖို့လည်း တပ်မတော် အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၅)မှ အကောင်းဆုံး သင်တန်းသားဆုရသူ ဝေဖြိုးဟိန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သန့်စင်၊ စာပေထူးချွန်ဆုရရှိသူ စိုးခန့်အောင် တို့ကို ဆုပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင်တပ်မတော်အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂)မှ အကောင်းဆုံး သင်တန်းသူဆုရရှိ နန်းရဝေပိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ စုမွန်နိုင်နဲ့ စာပေထူးချွန်ဆုရ အေးသော်တာမင်းတို့ကိုလည်း  ဆုများတွေချီးမြှင့်ခဲ့ပါတယ်။ ဓာတ်ပုံ-တပ်မတော်
3 years Ago
More News
Up