ကာကွယ်ရေးပစ္စည်း

April 20, 2020

အနောက်တောင်တိုင်းစစ်ဌာနချုပ်က COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနဲ့ တာဝန်ရှိသူတွေက ဧပြီ ၁၉ ရက်နေ့က ဖျာပုံမြို့ ခုတင် ၂၀၀ ဆေးရုံကြီးမှာ COVID-19 ရောဂါကာကွယ် ကုသရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။  PPE ဝတ်စုံ ၂၀၂ စုံ၊ နှာခေါင်းစည်း ၄၀၀၊ N95 ၅၃ ခု၊ လက်အိတ် ၁၂ စုံ၊ ဓာတ်ခွဲခန်းသုံး မျက်မှန် ၆ လက်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်နဲ့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာတင်လှတို့ဆီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေက ဆေးရုံတွေမှာ COVID-19 ရောဂါကွယ် ထိန်းချုပ်ကုသရေးအတွက် လိုအပ်တဲ့ ဆေးရုံသုံး အထောက်အကူပြုပစ္စည်းတွေကို မြို့နယ်အလိုက်ဆေးရုံတွေကို ဆက်လက်လှူဒါန်းသွားမယ်လို့လည်း ဆိုထားပါတယ်။
12 months Ago

April 4, 2020

ပန်းတနော်တွင် COVID-19 ကာကွယ်ရေးပစ္စည်းများ မလုံလောက်သဖြင့် ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့စခန်းတွေမှာ Covid-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအသုံးအဆောင် ပစ္စည်းတွေ မလုံလောက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။ စောင့်ကြည့်တဲ့စခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အသုံးပြုဖို့ Mask နဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတာလို့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးအဆင့်-၁ ဒေါ်ခိုင်ခိုင်ဝင်းက ပြောပါတယ်။ “အဓိက Mask နဲ့ PPE ဝတ်စုံတွေပါ၊ မြို့နယ်ဆေးရုံမှာ ရှိပေမယ့် နယ်ဘက်တွေမှာ အလုံအလောက်မရှိဘူး၊ အလှူရှင်တွေက လှူပါတယ်။ ဒါပေမဲ့ ဝန်ထမ်းအားလုံးအတွက်တော့ မလောက်ဘူး”လို့ ပြောပါတယ်။ ကျေးလက်ဘက်စုံသားဖွားဆရာမ ဒေါ်ချိုချိုမာက “PPE ဝတ်စုံမရှိတော့ Mask နဲ့ လက်အိတ်လေးတွေ ဝတ်ပြီး နေ့တိုင်း သွားစစ်နေရတယ်၊ ပြည်ပက ပြန်လာတဲ့သူတွေကို စစ်ရတဲ့အခါ စိတ်ပူမိတယ်၊ သူတို့မှာလည်း Mask အလုံအလောက်မရှိတော့ တွေးပြီး စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။ ပန်းတနော်မြို့နယ်တွင် ပြည်ပနိုင်ငံက ပြန်လာသူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့အတွက် နေရာ ၆၃ နေရာရှိကာ ပြည်ပက ပြန်လာသူ ၁၉၀ ကျော်ကို စောင့်ကြည့်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
More News
Up