.ကာကွယ်ဆေး

A d v e r t i s e m e n t With Us

January 29, 2021

ကာကွယ်ဆေးနှင့် သန္ဓေပြောင်းဗိုင်းရပ်စ် လက်နက်ပြိုင်ပွဲလို ဖြစ်နေဟု အစ္စရေးဝန်ကြီးချုပ် ပြော

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်တာနဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲ အသစ်တွေ ထပ်ထွက်လာတာဟာ လက်နက်အပြိုင် ထုတ်နေသလိုပဲလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

 “ကာကွယ်ဆေး အထိုးခံဖို့ မြန်နိုင်သမျှ မြန်မြန် ပြိုင်ရလိမ့်မယ်။ ပထမအနေနဲ့ ဘေးသင့်မှု များတဲ့ လူအုပ်စုတွေ ပြီးရင် လူတိုင်း၊ ရောဂါပီးတဲ့ စနစ်ကို ရဖို့ ကာကွယ်ဆေး ထိုးရမယ်။ ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေကလည်း၊ သူတို့ရဲ့ ကာကွယ်ဆေးတွေကို သူတို့ စတီထွင်ချိန်က မကာကွယ်နိုင်သေးတဲ့ ဗီဇမျိုးကွဲ အသစ်တွေကိုပါ ကာကွယ်နိုင်အောင်၊ ဆန်းသစ် တိုးတက်အောင် လုပ်ရမယ်” လို့ နေတန်ယာဟုက ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောပါတယ်။

ကူးစက်နှုန်း ပိုမြန်တဲ့ ဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်တွေက စေ့ဆော် တွန်းအားပေး နေလို့ ကပ်ဘေး အဆုံးသတ်ရေးအတွက် ဆတိုးနှုန်းနဲ့ စွမ်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမယ့်လမှာ လောင်းကြေးထပ် ထုတ်လုပ်ဖို့ အစ္စရေးက စီစဉ်နေတယ်လို့ အကြီးတန်း အရာရှိ တစ်ယောက်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“ခုတော့ ကူးနှုန်း မြင့်ပြီး နိုင်ငံခြားကနေ ဝင်လာတဲ့ ဗိုင်းရပ်စ်ဗီဇမျိုးကွဲသစ်တွေဟာ အသည်းအသန် လူနာတွေနဲ့အတူ အစ္စရေးဆေးရုံတွေဆီ ဒလဟော ဝင်လာနေတယ်။ အသစ် တီထွင်ထားတဲ့ ကာကွယ်ဆေးတွေက ဗီဇမျိုးကွဲသစ်တွေကို အပြည့်အဝ ထိထိရောက်ရောက် ကာကွယ်နိုင်ပြီလို့ အတည်မပြုရသေးဘူး”လို့ ကျန်းမာရေး ဒုဝန်ကြီးက ပြောပါတယ်။

အစ္စရေးဟာ လောလောဆယ်မှာ လူဦးရေ ရာခိုင်နှုန်း အများဆုံး ကာကွယ်ဆေး ထိုးပြီးတဲ့ နိုင်ငံတွေ စာရင်းမှာ ဦးဆောင်နေပါတယ်။ လူဦးရေ ၉သန်းရှိတဲ့ အစ္စရေးမှာ လူ ၃၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးဆေး အနည်းဆုံး တကြိမ် ထိုးပြီးပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

1 month Ago
Up