ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး အညီအမျှ ရစေဖို့ ရည်ရွယ်တဲ့ COVAX alliance အဖွဲ့က ပထမ ဖြန့်ဝေမယ့် အရေအတွက်ထက် နှစ်ဆတိုးပြီး ကာကွယ်ဆေးလုံးရေ ၂ ဘီလီယံ နီးပါးအထိ ဖြန့်ဝေသွားဖို့ သဘောတူလိုက်ပြီလို့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
လာမယ့်နှစ်မှာ ဝင်ငွေနည်းပါးနဲ့ ဝင်ငွေ အလယ်အလတ် နိုင်ငံပေါင်း ၉၂ နိုင်ငံကို ကာကွယ်ဆေးလုံးရေ ၁ ဒသမ ၃ ဘီလျံ ဖြန့်ဝေဖို့ ရည်ရွယ်တယ်လို့ COVAX အစီအစဉ်အဖွဲ့က ပြောထားပါတယ်။
COVAX အစီအစဉ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၉၀ လုံးဟာ လာမယ့်နှစ် ပထမ ၆ လမှာ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိပြီး ပထမဆုံးဖြန့်ဝေမှုက စည်းမျဥ်းသဘောတူချက်တွေနဲ့ ဖြန့်ဝေမှုအတွက် အသင့်ဖြစ်တဲ့အပေါ် မူတည်ပြီး လာမယ့်နှစ် ပထမ ၃ လပတ်မှာ စတင်ဖို့ မျှော်လင့်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
COVAX အစီအစဉ်ကို GAVI ကာကွယ်ဆေးအဖွဲ့နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်တည်ထောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 months Ago