ကာကွယ်ဆေးထုတ်သူ

September 10, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်သူများ အကျိုးအမြတ်မကြည့်ရန် ပုပ် ဖရန်စစ် သတိပေး

ကိုဗစ်-၁၉ကပ်ရောဂါကနေ စီးပွားရေး၊ နိုင်ငံရေးအမြတ် မထုတ်သင့်ဘဲ ကာကွယ်ဆေး ထုတ်သူတွေဟာလည်း အကျိုးအမြတ် တခုတည်းကိုပဲ မကြည့်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြိး ဖရန့်စစ်က စက်တင်ဘာ ၉  ရက်မှာ မိန့်ကြားလိုက်ပါတယ်။     အွန်လိုင်းကနေ ၆ လကြာ  လူထု စည်းဝေးပွဲလုပ်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီးဟာ အများပြည်သူတွေနဲ့ ဒုတိယမြောက် ပြန်လည်ထိတွေ့ခွင့်ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။  ကပ်ရောဂါရဲ့ တွန်းအားကြောင့် လူတိုင်းဟာ ဘုံအကျိုးစီးပွားအတွက် အလုပ်လုပ်သင့် တယ်လို့လည်း ပုပ်ရဟန်းက ပြောဆိုခဲ့ပါတယ်။   ဖရန့်စစ်က “ကာကွယ်ဆေး ထုတ်ဖော်တာမျိုးကို သူတို့အတွက် ပြဿနာဖြေရှင်းတဲ့ နည်းလမ်းလိုလုပ်လိုတဲ့ သူတွေရှိတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။   ကပ်ရောဂါနဲ့ ကာကွယ်ဆေးရှာပုံတော်ဟာ သမ္မတ ဒေါ်နယ်ထမရမ့်နဲ့ ပြိုင်ဘက်  ဂျိုးဘိုင်ဒင်ကြား ရွေးကောက်ပွဲမဲဆွယ်ရာမှာ အဓိကကျတဲ့အကြောင်းအရာဖြစ်လာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up