ဗြိတိန်ကာကွယ်ဆေးဆိုင်ရာဝန်ကြီး နာဒင်းမ်ဇာဟာဝီကို ပညာရေးဝန်ကြီးဟောင်း ဂါဗင် ဝီလျံဆန်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်လိုက်ပြီလို့ ဝန်ကြီးချုပ်ရုံးက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ထိပ်တန်းအဖွဲ့ထဲက လူအတော်များများဟာ ခြေလှမ်းအမှားတွေ၊ လူမှုရေးအနှောင့်အယှက် ဖြစ်စေတဲ့ အပြောအဆို အမှားတွေကြောင့် လချီ ဝေဖန်ပြစ်တင်ခံရအပြီးမှာ ဂျွန်ဆင်က သူ့ရဲ့ အခြေအနေ ထိန်းညှိရေး လုပ်ငန်းစဉ်ကို ဖိအားပေး လုပ်ဆောင်ဖို့လိုပြီလို့ ခံစားမိခဲ့တယ်၊ အပြောင်းအလဲတွေကို စောစောပိုင်း သီတင်းပတ် တွေတည်းက လုပ်ချင်နေခဲ့ပြီး နောက်ဆုံးမှာ အကောင်အထည် စဖော်လိုက်တယ်လို့ အကဲခတ်တချို့က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးမှာ ကျောင်းတွေ ပိတ်ဖို့နဲ့ စာမေးပွဲစစ်ဖို့ ကိစ္စတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံရအပြီးမှာ ဝီလျံဆန်ရဲ့ ကျဆုံးခန်းကို ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ ကြတာပါ။
နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရတ်ဘ်လဲ တရားရေးဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံရအပြီး သူ့နေရာကို ကုန်သွယ်ရေးဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သူ လစ်ဇ် ထရပ်စ်က အစားထိုး ရယူခဲ့ပါတယ်။
ဒါကြောင့် သူဟာ ဗြိတိန်ရဲ့ ဒုတိယမြောက် အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ ဒုဝန်ကြီးချုပ်လည်း ဖြစ်လာမယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ထရပ်စ်ဟာ ကုန်သွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်သလို တရားရေးဝန်ကြီးအဖြစ်လည်း ခန့်အပ်ခံရဖူးပါတယ်။
ထရပ်စ်ဟာ အမျိုးသမီးရေးရာနဲ့ တန်းတူညီမျှရေး ဝန်ကြီးတာဝန်ကိုလည်း ဆက်လက် ထမ်းဆောင်မယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောခဲ့ပါတယ်။