ကာကွယ်

October 15, 2020

စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို ကာကွယ်မည်ဟု တရုတ်သမ္မတပြော

ရှန်းကျန်းမြို့မှာ ပိုင်ဆိုင်မှုအခွင့်အရေးတွေ အားဖြည့်ပေးပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ကာကွယ်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာ နှစ်လေးဆယ်အတွင်း ပထမဆုံး စီးပွားရေးဇုန်ကို တည်ဆောက်တဲ့ အထိမ်းအမှတ် အခမ်းအနားအတွင်း အခုလို ပြောလိုက်တာပါ။ တရုတ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဆိုင်နိုင်စွမ်းကို အားဖြည့်သွားမယ်လို့လည်း အောက်တိုဘာ ၁၄ ရက်က မိန့်ခွန်းအတွင်း ရှီက ပြောပါတယ်။ စက်မှုလုပ်ငန်း အဆင့်မြှင့်ဖို့နဲ့ ဆန်းသစ်တီထွင်ဖို့ ရှီက ရှန်းကျန်းမြို့အနားက ကျောက်ကျိုးနဲ့ ရှန့်တောင်မြို့တွေဆီ သွားရောက် လည်ပတ်အပြီးမှာ ခုလို ပြောခဲ့တာပါ။ ဒီအခမ်းအနားကို မကာအိုက အကြီးအကဲတွေနဲ့ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
8 months Ago

October 4, 2020

ဒီမိုကရေစီ စံနှုန်းတန်းဖိုးများ ကာကွယ်ရန် ဂျာမန်သမ္မတ ဆော်ဩ

ဂျာမန်ပြည်သူတွေ လက်ယာစွန်းဝါဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီ စံနှုန်းတန်ဖိုးတွေကို ကာကွယ်ဖို့ ဂျာမန်သမ္မတ ဖရန့်ဝေါ်တာ စတိန်းမီးယားက လူထုကို ဆော်သြလိုက်ပါတယ်။  အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ၂ ခြမ်းကွဲနေခဲ့တာ နှစ် ၄၀ ကြာခဲ့အပြီး တရားဝင် ပြန်လည် ပေါင်းစည်းခဲ့တဲ့ နှစ် ၃၀ မြောက် အခမ်းအနားအတွင်း သမ္မတက ပြောကြားခဲ့တာပါ။  “ဂျာမန်ဒီမိုကရေစီ သမိုင်းရဲ့အရောင်က အနက်၊ အနီနဲ့ရွှေရောင်ပါ။ ညီညွတ်ခြင်း တရားမျှ တမှုနဲ့ လွတ်လပ်ရေးကို ကိုယ်စားပြုတယ်။ ဒါတွေဟာ ကျနော်တို့ နိုင်ငံရဲ့အရောင်တွေပဲ။ ဒီမိုကရေစီ ရှေ့တန်းမှာ ဝှေ့ယမ်းနေတဲ့ အရောင်တွေပဲ။ ဒီအရောင်တွေကို အပြယ်လွင့် မခံနိုင်သလို တလွဲသုံးတာ မောင်ပိုင်စီးတာကို ခွင့်ပြုမှာ မဟုတ်ဘူး။”  ခါတိုင်းက ပို့စ်ဒန်မ်မြို့မှာ အကြီးအကျယ် ကျင်းပလေ့ရှိတဲ့ ဂျာမနီ ပြန်လည်ပေါင်းစည်းရေး နေ့ဟာ ခုတော့ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ပွဲအရွယ်အစားကို ချုံ့ထားရပါတယ်။  ဘာလင်တံတိုင်းကို ဖြိုချရာမှာ ကူညီခဲ့တဲ့ အရှေ့ဂျာမနီတိုင်းသားတွေကို ကျေးဇူး တင်ကြောင်းနဲ့ ဘယ်အရာမှ မလွယ်ကူဘူးလို့လည်း အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။  လွှတ်တော်ဥက္ကဋ္ဌကလည်း ဂျာမနီရဲ့ လက်ရှိ ညီညွတ်မှုကို ချီးကျူးပြီး ပြည်သူတွေ ရှေ့ဆက် ညီညွတ်ကြဖို့နဲ့ အပြုသဘောဆောင်တဲ့ သဘောထားတွေ ရှိကြဖို့၊ မျက်စိမှိတ် ဘက်လိုက်တာတွေ မလုပ်ဘဲ ကျိုးကြောင်းဆီလျော်တဲ့ အမြင်တွေ ထားရှိကြဖို့ တိုက်တွန်းဆော်သြပါတယ်။  ဒုတိယကမ္ဘာစစ်အတွင်း ရုရှားက သိမ်းပိုက်ထားတဲ့ ဂျာမနီခြမ်းဟာ ဂျာမန်ဒီမိုကရက်တစ် သမ္မတ နိုင်ငံအဖြစ် ကွဲထွက်နေပြီး စစ်ကြီးပြီးချိန်မှာ အရှေ့ ဂျာမနီနဲ့ အနောက် ဂျာမနီ ဆိုပြီး ၂ နိုင်ငံ ကွဲခဲ့တာပါ။  ၁၉၈၉ ခုနှစ် နိုဝင်ဘာမှာ ဘာလင်တံတိုင်းကို ဖြိုချတဲ့အချိန် မတိုင်ခင်ထိ နှစ် ၄၀ ကြာ ၂ ပိုင်း ကွဲနေခဲ့တာလည်း ဖြစ်ပါတယ်။  ၁၉၉၀ အောက်တိုဘာ ၃ ရက်မှာတော့ ဂျာမနီပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွေ အဆုံးသတ် မှတ်တမ်းတင်ခဲ့ပြီး တရားဝင် ပေါင်းစည်းခဲ့ပါတယ်။ 
8 months Ago
More News
Up