ကာကွယ်ရေးဝန်ကြီးများ

A d v e r t i s e m e n t With Us

November 3, 2015

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

၃ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မလေးရှားမြို့တော် ကွာလာလမ်ပူမှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပပါတယ်။ ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ မတိုင်မီ ကြိုတင်ကျင်းပတာပါ။ ၃ ရက်ကြာ ကျင်းပမယ့် အစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအုပ်စု ပေါ်ထွက်လာတာ အပါအဝင် ဒေသတွင်း လုံခြုံရေးကိစ္စရပ် အမျိုးမျိုးကို ဆွေးနွေးဖို့ မျှော်လင့်ထားသလို တောင်တရုတ်ပင်လယ် ရေပိုင်နက်အရေး အငြင်းပွားမှုကို ဆွေးနွေးဖို့လည်း ပါပါတယ်။ တရုတ်ရဲ့ လူလုပ်ကျွန်းတွေထဲက တခုနားကို အမေရိကန် စစ်သင်္ဘောတစီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ခုတ်မောင်းခဲ့လို့ တင်းမာမှုတွေ ပြန်ဖြစ်ခဲ့တာပါ။ ဒါဟာ အမေရိကန်ရဲ့ မဟာမိတ် ဖိလစ်ပိုင်နဲ့ ပိုင်နက်အငြင်းပွားနေတဲ့ စပရတ်တလေ ကျွန်းစုဝန်းကျင်ကို တရုတ်က ပိုင်တယ်လို့ ကြေညာချက်အပေါ် အမေရိကန်က အသိသာဆုံး စိန်ခေါ်မှုလို့ မီဒီယာတွေက သုံးသပ် ရေးသားပါတယ်။ နှစ်စဉ် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဒေါ်လာ ၅ ထရီလျံ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေး လမ်းကြောင်းရှိရာ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်လို့ တရုတ်က အခိုင်အမာ ပြောနေပါတယ်။ ဒါကြောင့် အာဆီယံ ၄ နိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်ကျွန်းတို့နဲ့ တရုတ်ကြား ပိုင်နက် အငြင်းပွားနေပါတယ်။
5 years Ago
Up