စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး အန်ငယ်ဟင်က ပေါင်းစု ကာကွယ်မှုဆိုတဲ့ သီချင်းကို အသံသွင်းယူရာမှာ ပါဝင်သီဆိုခဲ့ပါတယ်။
ဒီသီချင်းကို သီဆိုသူတွေက သူ့ကို ပါဝင်ကူညီသီဆိုဖို့ တောင်းဆိုခဲ့တဲ့အတွက် စင်ကာပူ စစ်တပ်ဂီတနဲ့ ဒရမ်မာ ကုမ္ပဏီ၊ ဒေသခံ QuickPick တီးဝိုင်းနဲ့ သီချင်းသစ်ကို သွင်းယူခဲ့တာလို့ ၀န်ကြီးက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။
လာမယ့် သီတင်းပတ်မှာ သီချင်းနဲ့ အမ်တီဗွီအပြည့်အစုံကို ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစွန်းရောက်တွေက ညီညွတ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာရင် အားလုံးအတူတကွ ရင်ဆိုင်ဖို့နဲ့ ကာကွယ်ရေးအတွက်အတူ သီချင်းဆိုဖို့လည်း ၀န်ကြီးက ရေးပါတယ်။
၁၉၈၄ ခုနှစ်က ဒီသီချင်းကို ပထမဆုံး သီဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ စာသားအနည်းငယ် အပြောင်းအလဲလုပ်သလို သီချင်းအစီအစဉ်တချို့ကိုလည်း အနည်းငယ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။
သီချင်းကတော့ စင်ကာပူနိုင်ငံသားတွေအားလုံး စိတ်၊ နှလုံးသားနဲ့ စိတ်ခွန်အားတွေကို နိုင်ငံကာကွယ်ရေးမှာ အာရုံစိုက်ထားဖို့ အတွက် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
5 years Ago