ကသာ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိစ္စ ရှင်းလင်း

June 2, 2016

ကသာ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိစ္စ ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းမှာ တည်ဆောက်မယ့် အခြေခံ လူတန်းစားတို့အတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆိုင်ရာအချက်အလက်တွေကို ဇွန်လ ၁ ရက်နေ့က ဒေသခံပြည်သူတွေကို ကသာမြို့တော်ခန်းမမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ The Infrastructure of Myanmar နဲ့ စိမ်းဝါနီကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်မယ့် အိမ်ရာစီမံကိန်းဟာ ၈ ခန်းတွဲ၊ ၄ ထပ်၊ ၃၂ လုံး၊ ၄ ခန်းတွဲ၊ ၈ ထပ် ၈၀ လုံးကို မြေဧက ၂၀ ရှိ မြေကွက်ပေါ်မှာ တည်ဆောက်မှာဖြစ်ပါတယ်။ အခန်းအကျယ်မှာ ပေ ၂၀၊ ပေ ၃၀ နဲ့ တိုက်ခန်းစုစုပေါင်း ၂၅၆၀ ကို တစ်လ ကျပ်ငွေ ၃ သောင်းနဲ့ နှစ်ပေါင်း ၃၀ ပေးသွားရမယ်လို့ The Infrastructure of Myanmar က ဦးခွတ်ထွန်း ကပြောပါတယ်။ တိုက်ခန်း ၃၀ ရာခိုင်နှုန်းကို ဒေသခံ အိမ်ရာမရှိသူတွေအတွက် စီစဉ်ထားပြီး၊ ၄၀ ရာခိုင်နှုန်းကို ဝန်ထမ်းတွေအတွက် ခွဲဝေသွားမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ အိမ်ယာမဲ့ဒေသခံ အလုပ်သမားတွေကို အခမဲ့ခွဲဝေပေးမယ်လို့ ပြောပါတယ်။ ဝယ်ယူမယ့်သူဟာ မြန်မာနိုင်ငံသား ဖြစ်ရမယ့်အပြင် အလုပ်သမား သက်သေခံကတ် ပါရှိသူသာ လျှောက်ထားခွင့်ရှိပြီး အခုအိမ်ရာကို ခွင့်ပြုချက်ရတာနဲ့ ၂ နှစ်အတွင်း တည်ဆောက်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရာမှာ လုပ်သား ၄၀၀ လောက်နဲ့ အကောင်အထည်ဖော် ဆောက်လုပ်မှာဖြစ်ပြီး ဒေသခံ အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ၇၀ ရာခိုင်နုန်း ခေါ်ယူမှာ ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)    
6 years Ago
Up