ကသာမြို့နယ်တွင် လေပြင်းတိုက်ခတ်

March 28, 2019

ကသာမြို့နယ်တွင် လေပြင်းတိုက်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နဲ့ အင်းတော်မြို့နယ် အကြား ၈မိုင်နဲ့ ၉မိုင်အနီးမှာ  မတ်လ ၂၇ရက် ည ၆နာရီလောက်က မိုးသက်လေပြင်းတွေ တိုက်ခတ်သွားပါတယ်။ မိုးကြိုးတွေပစ် လေပြင်းတွေတိုက်လို့ သစ်ပင်တွေလဲကျ၊ ဓာတ်မီးတိုင်က ကြွေသီးတွေ ကွဲသွားပြီး ကသာမြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့သလို အိမ်မွေးဝက် တကောင်မိုးကြိုး စက်ကွင်းမိလို့ သေဆုံးသွားပါတယ်။ လျှပ်စစ်မီးပြန်လည်ရရှိဖို့ ဝန်ထမ်းတွေ သွားရောက် ပြုပြင်ကြိုးစားနေပြီး ညပိုင်းအချိန်မှာ လျပ်စစ်မီး ပြန်လည်ရရှိမယ်လို့ ကသာမြို့ လျှပ်စစ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း/ ဓာတ်ပုံ- ခင်ဆွေ
3 years Ago
Up