ကသာ

May 30, 2021

ကသာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ် ရွှေပြည်သစ်နဲ့ ဟဲနားကျေးရွာအကြား ရွှေငှက်ချောင်းအနီးမှာ ဒီနေ့ မေ ၃၀ ရက်တိုက်ပွဲမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးသွားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ  ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်  PDF တို့ ဒီနေ့ နေ့လယ်က တိုက်ပွဲဖြစ်ခဲ့တာပါ။  အဲဒီတိုက်ပွဲမှာ ကသာ PDF အဖွဲ့ဘက်ကလည်း  ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago

May 16, 2021

ကသာ မြို့မစျေးကြီးထဲ အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း ကသာမြို့ မြို့မစျေးကြီးထဲ မေလ ၁၆ ရက်နေ့ည ၈ နာရီလောက်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ သိရပါတယ်။

“ကသာဈေးထဲမှာ စစ်သားတွေ ဝင်ရောက်စီးနှင်းခဲ့တာပါ။ သေနတ်ထောက်ပြီး ဈေးကိုဖွင့်ခိုင်းတာ။ သူတို့စစ်ဆေးစရာရှိတယ်ဆိုပြီး လူတစ်ယောက်ကို အဲဒီဈေးထဲဝင်ရှာတယ်။ အဲဒါနဲ့ ဈေးသူဈေးသားတွေ မီးရှို့ခံရမှာစိုးလို့ဆိုပြီး ရောက်လာတယ်၊ လူတွေများလာတယ် ပစ္စည်းတွေသယ်ဖို့ လုပ်လာကြတယ်။ အကြမ်းဖက်စစ်သားတွေက လူစုခွဲဖို့ပြာတယ်။ လူစုမခွဲရင် ဖြိုခွင်းမယ်ပြောတော့ လူတွေပြန်ခဲ့တယ်” လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ရွှေဘိုဈေးတွေ မီးလောင်ထားတော့ ကသာဈေး မီးရှို့ခံရမှာ စိုးရိမ်နေကြတယ်လို့ ဈေးသည်တဦးက ပြောပါတယ်။

4 weeks Ago
More News
Up