ကလးငယ်ကို လိင်ပိုင်းကျူးလွန်မှုဖြင့် အဒမ်ဂျွန်ဆင်ကို ထောင်ဒဏ် ၆ နှစ်ချ

A d v e r t i s e m e n t With Us

March 26, 2016

ကလးငယ်ကို လိင်ပိုင်းကျူးလွန်မှုဖြင့် အဒမ်ဂျွန်ဆင်ကို ထောင်ဒဏ် ၆ နှစ်ချ

ပရီးမီးယားလိဂ် ဆန်းဒါးလန်းအသင်းက တောင်ပံကစားသမား အဒမ်ဂျွန်ဆင်ကို အသက်မပြည့်တဲ့ မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့်အတွက် မတ်လ ၂၄ ရက်က တရာရုံးကနေ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။ အသက် ၁၅ နှစ်အရွယ်  ကျောင်းသူ မိန်းကလေးနဲ့ တွဲနေတဲ့ သတင်းက အရင် ကတည်းက ထွက်နေတာပါ။ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ လက်တော့ထဲကနေ လိင်မှုဆိုင်ရာ ပြုမူခဲ့တယ်ဆိုတဲ့ ဗွီဒီယို ဖိုင်တွေကို အမှုစစ်အရာရှိတွေက တွေ့ရှိပြီးနောက်မှာ တရားရင်ဆိုင်ခဲ့ရတာပါ။ အဲဒီ့နောက်မှာ အာမံခံနဲ့  အမှုကို ဆက်ရင်ဆိုင်ပြီး ဘောလုံးဆက်ကစားနေခဲ့တာပါ။ မတ်လဆန်းမှာတော့ သူ့ကို ဆန်းဒါးလန်းအသင်းက ထုတ်ပယ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်  အဒမ်ဂျွန်ဆင်ဟာ အင်္ဂလန်လက်ရွေးစင် ဖြစ်သလို မစ်ဒယ်ဘရော့ အသင်းနဲ့ မန်စီးတီးအသင်းတွေမှာလည်း ကစားခဲ့သူဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ လူငယ်ဘောလုံးအကယ်ဒီမီကနေ မွေးထုတ်ပေးခဲ့သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာ UEFA ပွဲကို ကစားခဲ့ပြီးနောက်မှာ သူ့ကို လူသိများလာတာဖြစ်ပါတယ်။
5 years Ago
Up