ကလးငယ်

June 23, 2018

ရေခဲမုန့်ဝယ်ကျွေးမယ်ဆိုပြီး ကလးငယ်ကို ဖြားယောင်း၍ အဓမ္မပြုကျင့်သတ်ဖြတ် (ရုပ်သံ)

ရေခဲမုန့် ဝယ်ကြွေးမယ်လို့ သွေးဆောင်ဖြားယောင်းကာ အသက် ခြောက် နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မကျင့်၊ သတ်ဖြတ်ကာ အလောင်းကို မမှတ်မိအောင်ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တခု အိန္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ်မှာ ဇွန် ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း Mirror သတင်းမှာ ဖော်ပြပါတယ်။ စီစီတီဗီ မှတ်တမ်းတွေအရ အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားတဲ့ ကလေးငယ်လေးဟာ အမျိုးသားတဦးရဲ့နောက်လိုက်သွားတာကို မြင်တွေ့ရပါတယ်။ ည ၁၁ နာရီခွဲ အချိန် အမျိုးသားရဲ့လက်ကို ဆုပ်ကိုင်ပြီး အမှောင်ထုထဲ ပျောက်ကွယ် သွားတာ ကလေးငယ်ကို နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ပျောက်ကွယ်သွားပြီး သုံးနာရီလောက်အကြာ မနက် ၂ နာရီခွဲလောက်မှာ အမျိုးသားတဦးတည်း ပြန်ထွက်လာတာ ကိုလည်း တွေ့ရပါတယ်။ ဒေသတွင်း သတင်းတွေအရ ကလေးငယ်ဟာ မိသားစုဝင်တဦးရဲ့ မင်္ဂလာဆောင်မှာ ရေထွက်သောက်စဉ် တရားခံရဲ့ ဖြားယောင်းမှုကို ခံခဲ့ရတာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာလည်း မင်္ဂလာဆောင် အခမ်းအနားမှာ အကျွေးအမွေးတာဝန်ယူတဲ့ အဖွဲ့အတွင်းမှဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ရေသောက်ပြီး တော်တော်နဲ့ ပြန်မလာရာမှ မိသားစုဝင်တွေက ကလေးငယ်ကို ရှာဖွေခဲ့ပြီး ဇွန် ၂၁ ရက်နေ့ မနက်ပိုင်းမှ ကလေးငယ်ရဲ့အလောင်းကို မင်္ဂလာဆောင်အခမ်းအနားနဲ့ မီတာ ၅၀၀ အကွာမှာ ရှာတွေ့ခဲ့ပါတယ်။ ကလေးငယ်ရဲ့ မျက်နှာဟာ မမှတ်မိနိုင်လောက်အောင်ကို ကျောက်တုံးနဲ့ ထုရိုက်တာ ခံထားရပြီး သူမဟာ လိင်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် အနိုင်ကျင့်မှုနဲ့ ရင်ဆိုင်ထားရတယ်လို့ လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ “တရားခံက ကျောက်တုံးအတုံးကြီးတတုံးကို သုံးပြီး ကလေးငယ်ကို ထုရိုက်ကာ သတ်ဖြတ်ခဲ့တာပါ” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုချိန်မှာ ဒီပြစ်မှုအတွက် သံသယရှိသူ မင်္ဂလာဆောင် ကျွေးမွေးရေးအဖွဲ့ဝင်တဦးကို ဖမ်းဆီးထားပြီး တရားခံအစစ်အမှန်ကို မကြာခင် ဖော်ထုတ်နိုင်တော့မယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
3 years Ago
Up