ဆွမ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ဘိုင်ယန်မြူးနစ် လက်ထောက်နည်းပြ ကလဲမန့်ကို ခန့်အပ်ဖို့ သဘောတူညီမူ ရရှိခဲ့ပါတယ်။
အသက် ၄၄ နှစ်ရှိ အင်္ဂလန်နည်းပြ ကလဲမန့်ဟာ ချဲလ်ဆီးနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတွေမှာလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီကောင်တီအသင်းကို ၈ လကြာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
ကလဲမန့်ဟာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းမှာ ၃၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၄ ပွဲနိုင်၊ ၁၂ ပွဲ သရေ၊ ၇ ပွဲ ရှုံးခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ ကားလို့စ် လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပြီး ဆွမ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အထက်က ခရစ္စတယ်ပဲလေ့အသင်းနဲ့ ၄ မှတ်အထိ ကွာနေပါတယ်။
6 years Ago