ကလေး-ဂန့်ဂေါလမ်း

October 5, 2021

ကလေး-ဂန့်ဂေါလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအနီး ကလေး-ဂန့်ဂေါလမ်းအတိုင်း ဂန့်ဂေါဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ပန်းမွန်ချောင်းတံတားအကျော်မှာ အောက်တိုဘာ ၄ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို PDF (KALAY) က လုပ်ဆောင်တာလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီယာဉ်တန်းက ပန်းမွန်းချောင်းတံတားအကျော်မှာ ကားရပ်ပြီး လမ်းဘေးမှာ မိုင်းရှာစဉ် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသင့်စောင့်နေတဲ့ PDF တွေက တရစပ် ပစ်ခတ်ခဲ့လို့  စစ်ကောင်စီ အကြမ်းဖက်တပ်သား ၉ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ PDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကလေးမြို့နယ်အတွင်း ကလေး-ဂန့်ဂေါလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်၊ ချုံခိုတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့ကာ အကြမ်းဖက်တပ်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သေးတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

လက်ရှိမှာ ကလေး-ဂန့်ဂေါလမ်းပေါ်မှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒီမနက်က ကျွန်းဒတ်ကျေးရွာမှာ  စစ်ကောင်စီ အကြမ်းဖက်တပ်တွေက နေအိမ်တွေကို မီးရှို့နေတယ်လို့ သိရပါတယ်။

3 weeks Ago
Up