ကလေး ကိုဗစ်ကာကွယ်ဆေး

September 5, 2021

လန်ဒန်တွင် ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ကန့်ကွက်ဆန္ဒပြ

လန်ဒန်မြို့ ကနေရီဝါ့ဖှ်ခရိုင်ရှိ ဗြိတိန်ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်စည်းမျဉ်းအေဂျင်စီ (MHRA) ရဲ့ရုံးတွေ အပြင်ဘက်မှာ စက်တင်ဘာ ၃ ရက်က ဆန္ဒပြသူ ၁၀၀ ကျော်ဟာ ကလေးတွေအတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေးအသုံးပြုခြင်းကို ကန့်ကွက်ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ MHRA ရုံးတွေကို ၀င်ရောက်ဖို့ကြိုးပမ်းကြတာကြောင့် ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ 

အင်္ဂလန်အစိုးရဟာ လက်ရှိမှာ အသက် ၁၆ နှစ်အထက် ကလေးတွေအပြင် တိကျတဲ့ အခြေခံကျန်းမာရေးအခြေအနေရှိတဲ့ ၁၂ နှစ်မှ ၁၅ နှစ်ထိ ကလေးတွေကိုလည်း ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပြီး ကာကွယ်ဆေးဆိုင်ရာ ပညာရှင်တွေက မီးစိမ်းပြလိုက်တာနဲ့ စက်တင်ဘာလ မှာ အသက် ၁၂ နှစ်အထက် ရှိသူတိုင်းကို ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးဖို့ ရှိနေတာပါ။

 ကလေးတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး ဖြစ်ခဲပေမယ့် အဖျားဒဏ်ကို ခပ်ကြာကြာ ခံစားရတတ်ပါတယ်။ 

University College London နဲ့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနတို့က ဦးဆောင်တဲ့ လေ့လာမှုတစ်ခုအရ ကလေး ၇ ယောက်မှာ ၁ ယောက်ဟာ ကိုဗစ်-၁၉ ပေါ့စတစ် တွေ့ရှိပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့လက္ခဏာတွေ တွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ကျန်းမာတဲ့ကလေးတွေအတွက် ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးက နည်းပါးတယ်လို့ ဗြိတိန်ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်းကော်မတီက  ပြောပါတယ်။ 

Pfizer ကာကွယ်ဆေးထိုးပြီးနောက်မှာ လူငယ်တွေမှာ myocarditis လို့ခေါ်တဲ့ နှလုံးကြွက်သားရောင်ခြင်းကို ခံစားရတယ်ဆိုတဲ့ အစီရင်ခံစာတွေ တွေ့ရှိရပြီး အများအားဖြင့် အခြေအနေက မပြင်းထန်ဘူး၊ ခပ်ပျော့ပျော့ပဲလို့ ဆိုပါတယ်။ 

ဒါကြောင့် ဗြိတိန်ကာကွယ်ဆေးအကြံပေးတွေက အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးဖို့ အကြံပြုကြပါတယ်။

3 months Ago
Up