ကလေးမွေးနှုန်း တိုးမြှင့်

January 17, 2020

ရုရှားတွင် ကလေးမွေးနှုန်း တိုးမြင့်ရေး စီမံဆောင်ရွက်မည်

ရုရှားနိုင်ငံမှာ ကလေးမွေးနှုန်း တိုးမြှင့်ဖို့ ဘဏ္ဍာရေးဆောင်ရွက်ချက်တွေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။  ရုရှားရဲ့အနာဂတ်ဟာ ကလေးတွေအပေါ် မူတည်နေပြီး ရုရှားမိသားစုတွေထဲမှာ ကလေး ဘယ်လောက် များများ မွေးလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ပူတင်က နှစ်စဉ်ပြောနေကျ နိုင်ငံတော် အခြေပြမိန့်ခွန်းအတွင်း လွှတ်တော်အမတ်တွေနဲ့ အုပ်ချုပ်သူလူတန်းစားကို ပြောပါတယ်။  ဘဏ္ဍာရေးအထောက်အပံ့ရှိရင် ဘယ်သူမှ မိသားစု တိုးချဲ့ဖို့ ကြောက်နေမှာ မဟုတ်ဘူးလို့ မော်စကိုမြို့ခံ ဂေဟပညာရှင် မာရီယာဂေါ့ရှ်ကိုဗာက ပြောပါတယ်။  ကလေးတွေကို ပံ့ပိုးဖို့ ငွေအများကြီးလိုပြီး ကလေး ၂ ယောက် ၃ ယောက် ရှိရင်တော့ အင်မတန် ခက်ခဲတယ်လို့ မော်စကိုမြို့ခံ အငြိမ်းစား ဂါလီနာ ဖှေဒိုရိုဗာက ပြောပါတယ်။  ရုရှားစာရင်းအင်းဌာနရဲ့တရားဝင် ကိန်းဂဏန်းတွေအရ ခရိုင်းမီးယားအပါအဝင် ရုရှားရဲ့ လက်ရှိ လူဦးရေဟာ ၁၄၇ သန်း ရှိပါတယ်။  ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီး စီးပွားရေးအကြပ်အတည်းနောက်ပိုင်းမှာ ရုရှား နိုင်ငံအတွင်း ကလေးမွေးနှုန်း ကျဆင်းခဲ့လို့ ၂၀၀၉ ခုနှစ်မှာ စံချိန်တင်လူဦးရေ အနည်းဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။  လက်ရှိမှာ ရုရှားနိုင်ငံအတွင်း အမျိုးသမီး တယောက်ရဲ့ ကလေးမွေးနှုန်းက ၁ ဒသမ ၅ မှာ ရှိနေပြီး ၂၀၂၆ မှာ ကလေးမွေးနှုန်း ၁ ဒသမ ၇ ကို တိုးလာဖို့ ပူတင်က ကတိပြုထားပါတယ်။
1 year Ago
Up