ကလေးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်လှုပ်

October 17, 2019

ကလေးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၁၅ မိနစ်၊ ၄၃ စက္ကန့်အချိန်မှာ ကလေးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၃ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၆ ဒီဂရီ၊ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up