ကလေးများနေ့အထိမ်းအမှတ်ပွဲ

February 13, 2020

ကလေးများ၏ စိတ်ဓာတ်မြှင့်တင်ရန် ရည်ရွယ်ပြီး လှိုင်သာယာတွင် ကလေးများနေ့ပွဲ ကျင်းပ

ကလေးတွေရဲ့စိတ်ဓာတ်မြင့်တင်ဖို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက် ၁၀ ခုက ပူးပေါင်းဖွဲ့စည်းထားတဲ့ မြို့ပြဆင်းရဲသားကွန်ရက်က ကလေးများနေ့အထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီ ၁၂ရက်က  ကျင်းပပါတယ်။ ဒီပွဲမှာဆိုရင်ကျောင်းတက်ချင်ပေမယ့် ကျောင်းမနေနိုင်ဖြစ်နေရတဲ့ ကလေးတွေရဲ့ ပန်းချီလက်ရာတွေကိုပြခဲ့ပြီး ကလေးငယ်တွေက အကတွေနဲ့ ဖျော်ဖြေကြပါတယ်။ ကျောင်းမနေနိုင်ဖြစ်နေရတဲ့ကလေးငယ်တွေကို ခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ ပညာသင်ကြားခွင့်ရရှိရေး၊ သူတို့ရဲ့မိသားစုတွေအတွက် အစိုးရက နေအိမ်တွေ အမြန်ဆုံးချပေးဖို့ကလည်း ကလေးများနေ့ပွဲကတဆင့် အစိုးရထံတောင်းဆိုထားပါတယ်။ ဇာခြည်
2 years Ago
Up