သြစတြေးလျနိုင်ငံတွင်း ကလေးတွေကို အခမဲ့ စောင့်ရှောက်ပေးဖို့ ကလေးပြုစုစောင့်ရှောက်ရေး ကဏ္ဍအတွက် အမေရိကန် ဒေါ်လာ ၉၇၃ သန်းကို လာမယ့် ၃ လအတွင်း ပေးမယ်လို့ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ဧပြီ ၂ ရက်မှာ ပြောပါတယ်။
ကလေးစောင့်ရှောက်ရေး ဂေဟာ ၁၃၀၀၀ ဆက်ပြီး ဖွင့်နိုင်ဖို့နဲ့ မိဘတွေ နေ့တိုင်း လိုအပ်တာ လုပ်နိုင်တာ သေချာစေဖို့ ဒီအစီအစဉ်ကို ထောက်ပံ့တာလို့ မော်ရစ်ဆင်က ကင်ဘာရာမြို့မှာ ပြောပါတယ်။
အနည်းဆုံး အနေနဲ့ လာမယ့် ၆လ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တောင့်ခံထားဖို့ လိုတယ်လို့ မော်ရစ်ဆင်က ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ ဧပြီ ၂ ရက်ထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၅၀၀ ကျော်နဲ့ သေဆုံးသူ ၂၃ ဦးရှိပြီ ဖြစ်ပါတယ်။
2 years Ago