ကလေးထိန်းစင်တာ

February 3, 2021

ကိုဗစ်ကြောင့် ဘန်ကောက်ခရိုင် ၃ ခုက နေ့ကလေးထိန်းစင်တာနှင့် မူလတန်းကျောင်းများပိတ်

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် ဘန်ကောက်ခရိုင် ၃ ခုက နေ့ ကလေးထိန်းစင်တာတွေနဲ့ မူလတန်းကျောင်းတွေကို ဒီနေ့က စတင်ပြီးပိတ်ထားဖို့ မြို့ တော်ဝန် အက်စ်ဝင် ကွမ်မောင်က အရေးပေါ်အမိန့် ထုတ်ပြန်ထားပါတယ်။

ဒီအမိန့်အရ ဘန်ဘွန်၊ ဖာစီချာရိုအင်နဲ့ နွန်ခမ်းခရိုင်တွင်းက ကျောင်းတွေ၊ စင်တာ တွေပါဝင်ပြီး ထပ်မံပြီးတော့ ထုတ်ပြန်တဲ့ အမိန့်မရမချင်း ပိတ်ပင်ထားရမယ်လို့ ဆိုပါတယ်။

ဖာစီချာရိုအင်ခရိုင်တွင်းက စက်ရုံတရုံမှာ မနေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတဲ့အကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖုန်ဆာခွန် ကွမ်‌မောင်က ထုတ်ပြန်ကြေညာအပြီးမှာ ခုလိုအရေးပေါ်အမိန့်ထုတ်တာပါ။

“စက်ရုံထဲက လူ ၂၇ ယောက်မှာ (ကိုဗစ်-၁၉) ရောဂါ ကူးစက်ခံထားရပြီး ၁၇၀ လောက်ကတော့ သူတို့နဲ့ ထိတွေ့ဆက်နွှယ်သူတွေဖြစ်တဲ့အတွက် ကွာရန်တင်းဝင်နေရပါတယ်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စက်ရုံကို ချက်ချင်းပိတ်ပစ်လိုက်ဖို့ အမိန့်ထုတ်လိုက်ရတယ်။ စက်ရုံမှာ ထိုင်းလူမျိုးအယောက် ၃၀၀၊ မြန်မာလူမျိုး ၅၈၇ ယောက် ရှိပါတယ်။

လတ်တလောအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁,၂၄၉ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

10 months Ago
Up