ကလေးတက္ကသိုလ်

September 15, 2021

ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုလှမျိုးထွဋ် ကျဆုံး

ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ဟောင်းလည်းဖြစ် ကလေး မြို့မရဲစခန်းကနေ ပြည်သူနဲ့ပထမဆုံးပူးပေါင်းပြီး CDM လုပ်ဆောင်ခဲ့သူလည်းဖြစ်တဲ့ ကိုလှမျိုးထွဋ် ဟာ သူ့ရဲ့ ဇာတိဒေသဖြစ်တဲ့ မင်းကင်းမှာ ကျဆုံးသွားပါတယ်။ 

လက်ရှိမှာ ကျဆုံးတယ်ဆိုတာကိုသာ အတည်ပြုနိုင်သေးပြီး ဘယ်နေ့က ဘယ်လိုကျဆုံးတယ်၊ ဘာကြောင့်ကျဆုံးတယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

"ကျဆုံးတယ်ဆိုတာပဲ သိရသေးတယ်။ ဘယ်လိုကျဆုံးတယ်၊ ဘယ်နေ့က ကျဆုံးတယ်ဆိုတာ ထပ်ပြီးစုံစမ်းနေပါတယ်။"

ကိုဇော်မျိုးထွဋ်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ CDM ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ တခြားCDMရဲဝန်ထမ်းတွေနဲ့အတူ သွားရောက်ခိုလှုံခဲ့ပါတယ်။

အဲဒီနောက်ပြည်တွင်းကို ပြန်ဝင်လာခဲ့ပြီး ကလေး PDFနဲ့ ပူးပေါင်းကာ အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့တယ်လို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

ကိုဇော်မျိုးထွဋ်ဟာ မကြာသေးခင်ကပဲ သူ့ဇာတိဖြစ်တဲ့ မင်းကင်းကိုပြန်သွားခဲ့တာဖြစ်ပြီး အဲဒီမှာပဲ ကျဆုံးခဲ့တာပါ။

ကိုဇော်မျိုးထွဋ်ရဲ့ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်နဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့တာတွေအတွက် ကျောင်းသားထုအားလုံးကမှတ်တမ်းတင်  ဦးညွတ်အလေးပြုတယ်လို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

3 months Ago

May 8, 2021

ကလေးတက္ကသိုလ် ဆရာ၊ ဆရာမ ၁၅၀ ဦးနှင့် အရာထမ်း၊အမှုထမ်း ၈၈ ဦးကို အလုပ်မှရပ်နား

စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ အရာထမ်း၊ အမှုထမ်းတွေကို  တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက မေ ၆ ရက်‌မှာ ထုတ်ပြန်ခဲ့ပါတယ်။

 အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမတွေဟာ အာဏာသိမ်းအကြမ်း စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် CDM မှာ ပါဝင်လာခဲ့တာပါ။ 

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေ(၁၇၀)၊ နည်းဥပဒေ (က) နဲ့  နည်းဥပဒေ(၁၇၃)၊ နည်းဥပဒေခွဲ (ခ) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကလေးတက္ကသိုလ်ရှိ CDM မှာပါဝင်တဲ့ အရာထမ်း၊ အမှုထမ်း ၈၈ ဦး နဲ့ ဆရာ၊ ဆရာမ ၁၅၀ ဦးကို တာဝန်မှယာယီရပ်ဆိုင်းခံလိုက်ရတာပါ။

7 months Ago
Up