ကလေးငယ်အပါအဝင်၃ဦးကျဆုံး

March 27, 2021

မွန်ပြည်နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး ကျဆုံး

မွန်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်က အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်ဟာ နေအိမ်မှာ ကစားနေစဉ် ပစ်ခတ်ခံရပြီး သေနတ်ဦးခေါင်း ထိမှန်သေဆုံးသွားပါတယ်။

မော်လမြိုင်မှာ ကျဆုံးသွားတဲ့ အမျိုးသား ၁ ဦးက‌ေတာ့ အကြမ်းဖက်စစ်ကောင်စီကို ဒိုင်းဝန်းကွင်းရပ်မှာ ဆန္ဒထုတ်ဖော်နေစဉ် သေနတ်ရင်ဘတ်ထိမှန် သေဆုံးခဲ့တာပါ။

ကျိုက်ထိုမြို့မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေနတ် ဦးခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

2 months Ago
Up