ကလေးခရိုင် ရဲတပ်ကြပ်

March 4, 2021

ကလေးခရိုင် ရဲတပ်ကြပ်တစ်ဦး CDM တွင် ပူးပေါင်းပါဝင်

စစ်ကိုင်းတိုင်း ကလေးခရိုင် ရဲတပ်ကြပ်တစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဒီနေ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကလေးခရိုင် ခရိုင်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ဖြိုးဝေထွန်းဟာ မိမိ သဘောဆန္ဒ အလျှောက် ပြည်သူ့ဘက်က ရပ်တည်ပြီး CDM မှာ ပူးပေါင်းပါခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ်မပြုတ်မချင်း တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဆီ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ပြည်သူကောင်းကျိုးကိုလိုလားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ် ပြန်လည်ပေါ်ပေါက်လာမှာ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

2 years Ago
Up