ကလော့ပ်နှင့် ဝီနယ်ဒမ်

September 10, 2020

ဘာစီလိုနာ အပြောင်းအရွှေ့ကိစ္စ နည်းပြကလော့ပ်နှင့် ဝီနယ်ဒမ်း ဆွေးနွေးမည်

လီဗာပူးကွင်းလယ်လူ ဝီနယ်ဒမ်းဟာ ဘာစီလိုနာ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး နည်းပြ ဂျာဂန်ကလော့နဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။  ဟော်လန်ကွင်းလယ်လူ ဝီနယ်ဒမ်းကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ခေါ်ယူ လိုနေ တာဖြစ်ပါတယ်။  ဝီနယ်ဒမ်းဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အသင်းကို ပြန်လည်ရောက်ရှိချိန်မှာ နည်းပြ ကလော့ပ်နဲ့ ဆွေးနွေးဖို့ရှိတယ်လို့  ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ဝီနယ်ဒမ်းကို လက်လွှတ်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင် အာရုံစိုက်လုပ်ဆောင်မယ်လို့ သိရပါတယ်။  အသက် ၂၉ နှစ်ရှိ ဝီနယ်ဒမ်းဟာ အသင်းနဲ့စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်က နယူးကာဆယ်ကနေ ပြောင်းရွှေ့လာတဲ့ ဝီနယ်ဒမ်းဟာ လီဗာပူးအတွက် စုစုပေါင်း ၁၈၇ ပွဲကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။ 
1 year Ago
Up