ကလပ် ၄ သင်း

A d v e r t i s e m e n t With Us

April 2, 2020

ကော်တင်ဟိုကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် ၄ သင်း အပြိုင် စိတ်ဝင်စား

ဘိုင်ယန်မြူးနစ်မှာ အငှားထွက်ကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်ကလပ်တွေ ပိုများလာပါတယ်။  ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုဟာ ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားထွက်ကစားနေရတာပါ။  ဘိုင်ယန်အသင်းမှာလည်း  စုစုပေါင်း ၂၂ ပွဲမှာ ၈ ဂိုးသွင်းယူထားပေမဲ့ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခြင်းမရှိသေးတာကြောင့် ဘာစီလိုနာအသင်းဆီကို ပြန်လည်စေလွှတ်ဖို့ရှိနေတာပါ။  ဒီအခြေအနေကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့  လက်စတာ၊ ချဲလ်ဆီး၊ စပါးနဲ့ မန်ယူအသင်းတွေက စောင့်ကြည့်နေပြီး ကော်တင်ဟိုကို အင်္ဂလန်မြေဆီပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ 
11 months Ago
Up