ဥရောပချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကလပ်အဆင့်သတ်မှတ်ချက်နဲ့ ဆုံးဖြတ်မယ်ဆိုရင် အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က အကြီးမားဆုံးအောင်မြင်မှု ဖြစ်လာနိုင်ပါတယ်။
ဥရောပလိဂ်ပြိုင်ပွဲတွေက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့်ရပ်နားထားရပြီး ပြန်လည် ကျင်းပနိုင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆုံးဖြတ်ရာမှာ ကလပ်အသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ဝင်ခွင့်ပေးဖို့ ရှိနေ ပါတယ်။
နယ်သာလန်နဲ့ဘယ်လ်ဂျီယံလိဂ်တွေက ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အခုနှစ်ရာသီကို အပြီး ဖျက်သိမ်းလိုက်ပြီး အဲဒီလိဂ်တွေမှာ ဘယ်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲဆိုတာ ဆွေးနွေးရဦးမှာပါ။
ကလပ်အဆင့်သတ်မှတ်ချက်နဲ့ ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ဆုံးဖြတ်မယ်ဆိုရင် ပရီးမီးယာလိဂ် အဆင့် ၉ ရောက်နေတဲ့ အာဆင်နယ်က ဝင်ခွင့်ရမှာဖြစ်သလို အဆင့် ၅ ရောက်နေတဲ့ မန်ယူ အသင်းလည်း ဝင်ခွင့်ရမှာပါ။
အဲဒီလိုပဲ စပိန်လာလီဂါမှာ အဆင့် ၆ ရောက်နေတဲ့ အက်သလက်တီကို၊အီတလီစီးရီးအေမှာ အဆင့် ၅ နဲ့ ၆ နေရာရောက်နေတဲ့ ရိုးမားနဲ့နာပိုလီအသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။
ဒီအချက်ကို ကြာသာပတေးနေ့မှာ ကျင်းပမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။
10 months Ago