အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ မွေးရပ်မြေကလပ် ဘရက်စီယာ အသင်းဆီကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။
မနှစ်က ပြင်သစ်ကလပ် မာဆေးအသင်းမှာ ကစားခဲ့တဲ့ ဘာလော့တယ်လီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မွေးရပ်မြေ အီတလေကို ပြန်လည် ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဘာလော့တယ်လီဟာ မာဆေးအသင်းအတွက် စုစုပေါင်း ၁၂ ပွဲမှာ ၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဘာလော့တယ်လီဟာ အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူးနဲ့ နိုက်စ်အသင်းတွေမှာလည်း ပွဲပေါင်း ၃၅၀ အထိ ကစားခဲ့ပါတယ်။
ဘရက်စီယာအသင်းဟာ အခုနှစ်ရာသီမှ စီးရီးအေကို တန်းတက်လာတာ ဖြစ်ပြီး အတွေ့အကြုံရှိ တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဘာေလာ့တယ္လီ ေမြးရပ္ေျမကလပ္သို႔ ေျပာင္းေ႐ႊ႕
အီတလီတိုက္စစ္မႉး ဘာေလာ့တယ္လီဟာ ေမြးရပ္ေျမကလပ္ ဘရက္စီယာ အသင္းဆီကို ၃ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားပါတယ္။
မႏွစ္က ျပင္သစ္ကလပ္ မာေဆးအသင္းမွာ ကစားခဲ့တဲ့ ဘာေလာ့တယ္လီဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တာေၾကာင့္ ေမြးရပ္ေျမ အီတေလကို ျပန္လည္ ေျပာင္းေ႐ႊ႕လာတာ ျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိ ဘာေလာ့တယ္လီဟာ မာေဆးအသင္းအတြက္ စုစုေပါင္း ၁၂ ပြဲမွာ ၈ ဂိုး သြင္းယူေပးခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ အင္တာမီလန္၊ မန္စီးတီး၊ ေအစီမီလန္၊ လီဗာပူးနဲ႔ ႏိုက္စ္အသင္းေတြမွာလည္း ပြဲေပါင္း ၃၅၀ အထိ ကစားခဲ့ပါတယ္။
ဘရက္စီယာအသင္းဟာ အခုႏွစ္ရာသီမွ စီးရီးေအကို တန္းတက္လာတာ ျဖစ္ၿပီး အေတြ႕အႀကဳံရွိ တိုက္စစ္မႉး ဘာေလာ့တယ္လီကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။
2 years Ago