ကမ္ဘာ့ကလပ်ကြီးများဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ကလပ်အမေရိကား အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။
ဒီပွဲကို ဒီဇင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ ယှဉ်ပြိုင်သွားတာပါ။
ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပြီးကာနီးမှာ တိုက်စစ်မှူး ဘန်ဇီမာက သွင်း+ယူပါတယ်။
ဒီပွဲမှာ မက္ကဆီကိုအသင်းဖြစ်တဲ့ ကလပ်အမေရိကားက ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။
အခွင့်အရေးတချို့ရပေမယ့် အဆုံးသတ် မသေချာလို့ ချေပဂိုးနဲ့ လွဲနေတာပါ။
ကမ္ဘာ့ကလပ်ကြီးများဖလားပြိုင်ပွဲမှာ ပထမဆုံးအဖြစ် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်ချရာမှာ ဗွီဒီယိုပြကွက်တွေကို အသုံးပြုပြီး ဆုံးဖြတ်တာတွေ ပြုလုပ်သွားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ကလပ်ကြီးများဖလား ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ဂျပန်ကလပ် ကာရှီးမာ အန်တလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago