ကလပ်မျက်ရည်ယိုဗုံး

June 17, 2018

ဗင်နီဇွဲလား ကလပ်တခုတွင် မျက်ရည်ယိုဗုံးဖြင့် ဖောက်ခွဲမှုကြောင့် ၁၇ ဦး သေဆုံး

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကက်စ်က ကလပ်တခုထဲမှာ လူတယောက်က မျက်ရည်ယိုဓာတ်ငွေ့ဗုံးကို ဇွန် ၁၆ ရက် မနက်အစောပိုင်းမှာ ဖောက်ခွဲခဲ့လို့ လူအနည်းဆုံး ၁၇ ယောက် သေဆုံးတယ်လို့ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး နဲ့စ်တာ ရေဗေရိုက ပြောပါတယ်။ လူလတ်တန်းစားတွေနေတဲ့ အယ်လ်ပါရိုင်စို ရပ်ကွက်အတွင်း လော့စ်ကိုတော်ရို့စ် ကလပ်ထဲက ပါတီပွဲမှာ လူအယောက် ၅၀၀ ကျော် ရှိနေချိန် မနက် ၃ နာရီမှာ ပေါက်ကွဲခဲ့တာပါ။ လူအတော်များများကြား ရန်ဖြစ်နေတုန်း ပေါက်ကွဲလို့ ထွက်ပေါက်တွေဆီ သွားရင်း လူနင်းမိတာလို့ ဝန်ကြီးက အစိုးရရုပ်သံမှာ ပြောပါတယ်။ ဓာတ်ငွေ့တွေ အခန်းထဲမှာပြည့်နေလို့ လူ ၁၁ ယောက်က အသက်ရှူကြပ် သေဆုံးခဲ့တာလို့ ပဲရဲ့ဇ်ကာရန်နိုဆေးရုံက ရင်ခွဲစစ်ဆေးမှုဆိုင်ရာ လက်ထောက် နိုရစ် ဗီလာနွယ်ဗာက ပြောပါတယ်။ “တခြား ၆ ယောက် ဘယ်လိုသေလဲ မသိရသေးပါဘူး။ အာဏာပိုင်တွေက လူ ၇ ယောက်ကို ဖမ်းထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ သမ္မတ နီကိုးလပ်စ် မာဒူရို ဦးဆောင်တဲ့ အစိုးရက ဒိဖြစ်ရပ်ကြောင့် အံ့သြတုန်လှုပ်မိတယ်။ မိသားစုတွေဆီ ဝမ်းနည်းစကား ပေးပို့ပြီးပြီ” လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
3 years Ago
Up