ကလပ်ဘရုဂယ်

August 27, 2015

ရွန်နီ ဟက်ထရစ်သွင်းပြီး မန်ယူ ချန်ပီယံလိဂ် ခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂယ်ကို ဒုတိယအကျော့မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး ၂ ကျော့ပေါင်း ရလဒ် ၇ ဂိုး ၁ ဂိုးနဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ပထမပိုင်း မိနစ် ၂၀ မှာ ရွန်နီက အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၉၊ ၅၇ မိနစ်တွေမှာ ရွန်နီက ဒုတိယနဲ့ တတိယဂိုး သွင်းယူခဲ့သလို ၆၃ မိနစ်မှာ ဟာရဲရားက နောက်ဆုံးဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အရင်ကထက် ဘောလုံးကစားတာ ပိုစုစည်းမှု ရှိလာသလို ဂိုးတိုင်းက ကစားသမားတွေ အတွက် ယုံကြည်မှုကို ဖြစ်စေတယ်လို့ မန်ယူနည်းပြ ဗန်ဂေါက ပွဲအပြီးမှာ ပြောပါတယ်။ ရွန်နီက ကစားသမားတွေအတွက် အများကြီး ဖန်တီးပေးနိုင်ခဲ့လို့ သူဂိုးမသွင်းနိုင်ရင်လည်း စိတ်မပူဘူးလို့ ပြောပါတယ်။ ဘရုဂယ်နည်းပြကတော့ နည်းစနစ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ ခွန်အား၊ ဇွဲနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ မန်ယူမှာ ရှိတယ်လို့ ပြောပါတယ်။ သြဂုတ် ၂၇ ရက် ချန်ပီယံလိဂ် မဲခွဲရာမှာ မန်ယူအသင်း ပါဝင်ကစားဖို့ အခွင့်အရေး ရရှိသွားပြီ ဖြစ်ပါတယ်။
6 years Ago
Up