ကလင်တန်

August 25, 2015

အမေရိကန်သမ္မတ အိမ်ဖြူတော်ရောက် အိမ်မွေးခွေးများ

၁။ ဘိုနဲ့ ဆန်နီအိုဘားမား 1 First-dogs-of-the-White-House ဘိုလို့အမည်ပေးထားတဲ့ ခွေးကိုတော့ သမ္မတ အိုဘားမား မိသားစုကို လွှတ်တော်အမတ် တက်ဒ်ကနေဒီက ပေးခဲ့တာဖြစ်ပါတယ်။ အိုဘားမားအနေနဲ့ အိမ်ဖြူတော်ကိုရောက်တဲ့ အချိန်မှာ ခွေးတကောင်ပေးရမယ်လို့ သမီးတွေကို ကတိပေးထားခဲ့လို့ပါတဲ့။ ဒုတိယတကောင်ဖြစ်တဲ့ ဆန်နီကတော့ အိုဘားမားရဲ့ သမ္မတ ဒုတိယသက်တမ်းမှာမှ နောက်ထပ်ရောက်လာခဲ့တာပါ။ ဘိုရော ဆန်နီရောဟာ ပေါ်တူဂီခွေးအမျိုးအစားတွေ ဖြစ်ပါတယ်။ ၂။ ဘာနေနဲ့ မစ်စ်ဘီဇလေဘုရှ် 2 First-dogs-of-the-White-House_2_1 အမေရိကန်သမ္မတ ဘုရှ်နဲ့ သူ့ဇနီး လော်ရာတို့မှာတော့ ဘာနေနဲ့ မစ်စ်ဘီဇလေဘုရှ်လို့ အမည်ပေးထားတဲ့ စတော့တယ်ရီယာ အမျိုးအစား အိမ်မွေးခွေး ၂ ကောင်ကို သမ္မတသက်တမ်းအတွင်း မွေးထားခဲ့ကြတာပါ။ အဲဒီခွေး ၂ ကောင်ကို သမ္မတဘုရှ်က လော်ရာ့ကို လက်ဆောင်အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။ ၃။ ဘတ်ဒီကလင်တန် 3 First-dogs-of-the-White-House_3_1 သမ္မတကလင်တန်ဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းကာလမှာ ဘတ်ဒီလို့ အမည်ပေးထားတဲ့ ချောကလက်ရောင် လက်ဘရေဒါရီထရီဗာ အမျိုးအစားခွေးကို မွေးခဲ့တာပါ။ ဘတ်ဒီဟာ လေးနှစ်အရွယ်မှာ နယူးယောက်မြို့က ကလင်တန်ရဲ့အိမ်နားမှာ ကားတိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ၄။ မီလီဘုရှ် 4 First-dogs-of-the-White-House_4_1 မီလီကတော့ အမေရိကန်သမ္မတ ဂျော့ခ်ျ အိပ်ခ်ျ ဒဗလျူဘုခ်ျရဲ့ သမ္မတသက်တမ်းမှာ မွေးခဲ့တဲ့ အင်္ဂလိပ်စပရင်ဂါစပဲန်နီယယ်လ် အမျိုးအစား  ခွေးပဲဖြစ်ပါတယ်။ သမ္မတကတော် ဘာဘရာဘုရှ်ရဲ့ ကျော်ကြားတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ အိမ်ဖြူတော်အကြောင်းမှာ မီလီရဲ့အမြင်ဘက်က ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ ၅။ ရက်စ်ရေဂင် 5 First-dogs-of-the-White-House_5_1 ရက်စ်ကတော့ ကယ်ဗေလီယာ ကင်း ချားလ်စ် စပဲန်နီယယ် အမျိုးအစားခွေးဖြစ်ပြီး သမ္မတ ရော်နယ်လ်ရေဂင်က သမ္မတကတော် နန်စီရေဂင်ကို ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ ရက်စ်ဟာ သမ္မတမိသားစု ဒုတိယသက်တမ်းတလျှောက် အိမ်ဖြူတော်မှာ နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သမ္မတ ရွှေ့ပြောင်းခဲ့တဲ့ ကယ်လီဖိုးနီးယားက စိုက်ပျိုးမွေးမြူရေးခြံကို လိုက်ပါသွားခဲ့တာပါ။ ၆။ လေဘာတီဖို့ဒ် 6 First-dogs-of-the-White-House_6_1 လေဘာတီကတော့ ဂိုးလ်ဒင်းရီထရီဗာ အမျိုးအစားခွေးဖြစ်ပြီး သမ္မတဖို့ဒ်ကို သမီးဖြစ်သူ ဆူဆန်နဲ့ အိမ်ဖြူတော်ဓာတ်ပုံဆရာ ဒေးဗစ်ဟျူးကဲန်နယ်လီတို့က လက်ဆောင်ပေးခဲ့တာပါ။ လေဘာတီဟာ တကြိမ်တော့ သမ္မတက အိမ်ထဲမှာ သော့ပိတ်ထားခဲ့မိပြီး သူ့ဟာသူ ပြန်ထွက်လာနိုင်ခဲ့လို့ ကျော်ကြားခဲ့ပါတယ်။ ၇။ ဟင်းမ်နဲ့ ဟာဂျွန်ဆင် 7 First-dogs-of-the-White-House_7_1 အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင်ကတော့ သူ့ရဲ့အိမ်မွေးအမဲလိုက်ခွေးပုလေး ၂  ကောင်ဖြစ်တဲ့ ဟင်းမ်၊ ဟာတို့နဲ့အတူ ဓာတ်ပုံရိုက်လေ့ရှိတဲ့အတွက် ထင်ရှားပါတယ်။ ဒါပေမယ့် အဲဒီခွေးလေးတွေက အိမ်ဖြူတော်မှာ အသက်ရှည်ရှည် မနေခဲ့ရပါဘူး။ ဟင်းမ်က ကျောက်ခဲတလုံးကို မျိုချမိလို့ သေသွားခဲ့ပြီး ဟာကတော့ အိမ်ဖြူတော် မြက်ခင်းပြင်ပေါ်ကနေ ဖြတ်ကူးတဲ့အချိန်မှာ ကားတိုက်မိပြီး သေသွားခဲ့ပါတယ်။ ၈။ ကနေဒီရဲ့ များစွာသော အိမ်ဖြူတော်ခွေးတွေ 8 First-dogs-of-the-White-House_8_1 အမေရိကန်သမ္မတ ကနေဒီကတော့ သူ့ရဲ့အိမ်ဖြူတော်မှာရှိနေချိန် သမ္မတသက်တမ်း အတွင်းမှာ အိမ်မွေးခွေးပေါင်းများစွာ မွေးနိုင်ခဲ့သူပါပဲ။ ၀ဲလ်ခ်ျတယ်ရီယာ အမျိုးအစား ချာလီ၊ ဂျာမန်ရှက်ဖာ့တ် အမျိုးအစား ကလစ်ပါ။ ကော့ကာစပဲန်နီရယ် အမျိုးအစား ရှဲန်နွန်၊ အိုင်းရစ်ဝုလ်ဖ်ဟောင်း အမျိုးအစား ၀ုလ်ဖ်နဲ့ စပ်ခွေးအမျိုးအစား ပွတ်ရှင်ကာ စတဲ့ အိမ်မွေးခွေးတွေကို သမ္မတ မိသားစုက လက်ဆောင်အဖြစ် ရရှိခဲ့တာတွေ ဖြစ်ပါတယ်။ ၉။ ဟိုင်ဒီအိုင်စင်ဟောင်ဝါ 9 First-dogs-of-the-White-House_9_1 သမ္မတ ဒွိုင်အိုင်စင်ဟောင်ဝါကတော့ ဟိုင်ဒီလို့ အမည်ရတဲ့ ၀ိုင်မရမ်နာ အမျိုးအစား အိမ်မွေးခွေးကို သူ့ရဲ့ အိမ်ဖြူတော် သမ္မတသက်တမ်းမှာ မွေးမြူခဲ့တာပါ။ နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဟိုင်ဒီဟာ အိမ်ဖြူတော်ကနေ ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ အိုင်စင်ဟောင်ဝါရဲ့ လယ်တောဆီကို ပြောင်းသွားခဲ့တာပါ။ ၁၀။ ဖလာရုစ်ဗဲ့ 10 First-dogs-of-the-White-House_10_1 သမ္မတ သီယိုဒိုရုစ်ဗဲ့ကို သူ့ရဲ့အိမ်မွေးခွေး ဖလာ မပါဘဲနဲ့ တွေ့မြင်ရခဲပါတယ်။ သမ္မတရဲ့ နိုင်ငံခြား သံတမန် ခရီးစဉ်တွေမှာ၊ သမ္မတကားပေါ်မှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ သတင်းဓာတ်ပုံ - ယူပီအိုင်
6 years Ago

August 2, 2015

ကလင်တန် ဇနီးမောင်နှံ ၇ နှစ်အတွင်း ဒေါ်လာ ၁၃၉ သန်းကျော်ဝင်

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်နဲ့ ခင်ပွန်း သမ္မတဟောင်း ဘီလ်ကလင်တန်တို့က  ၇ နှစ်အတွင်း ဒေါ်လာ ၁၃၉ သန်းကျော် ၀င်ငွေရှိခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အတွင်း ၀င်ငွေရရှိခဲ့တာဖြစ်ပြီး ဖက်ဒရယ် ၀င်ငွေခွန် ပေးဆောင်ခဲ့တဲ့အပေါ် ဇူလိုင် ၃၁ ရက်က သူရဲ့ စည်းရုံးရေး အဖွဲ့က ထုတ်ပြန်လိုက်တာလို့ အေပီသတင်းက ရေးပါတယ်။ ၀င်ငွေအများစုက ဘီလ်ကလင်တန်နဲ့ ၂၀၁၃ နိုင်ငံခြားရေး ၀န်ကြီးအဖွဲ့ကနေ ဟီလာရီ နှုတ်ထွက်ပြီး နောက်ပိုင်း မိန့်ခွန်းပြောဆိုရာကနေ ရရှိထားဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲက ဖက်ဒရယ် အခွန်အတွက် ဒေါ်လာ ၄၄ သန်း ပေးဆောင်ခဲ့ပြီး ၅ သန်းကို လှူဒါန်းခဲ့တယ်လို့ ဟီလာရီကလန်တန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ၀င်ငွေ ရရှိတဲ့ အသေးစိတ် အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။ အရင် မေလကလည်း ၂၀၁၄ ခုနှစ်မှာ ကလင်တန်တို့ လင်မယားဟာ ဒေါ်လာ သန်း ၃၀ ကို မိန့်ခွန်းနဲ့ စာအုပ် မူပိုင်ခကနေ ရရှိတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။
6 years Ago
Up