ကရုဏာရှေးရှုမြန်မာမှုအဖွဲ့

July 14, 2017

ကရုဏာရှေးရှုမြန်မာမှုအဖွဲ့ ပဲခူးဆေးရုံကီးတွင် စုပေါင်းသွေးလှူ( သတင်းဓာတ်ပုံ)

ကရုဏာရှေးရှု မြန်မာမှုအဖွဲ့ရဲ့ ၂၁ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဇူလိုင် ၁၄ ရက်က ပဲခူးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစုပေါင်း သွေးလှူဒါန်းပွဲမှာ ပဲခူးမြို့ပတ်ဝန်းကျင်က သွေးအလှူရှင် ၆၀ လောက်လာရောက် သွေးလှူဒါန်းခဲ့ကြပါတယ်။ ပဲခူးဆေးရုံကြီးအနေနဲ့ လှူဒါန်းရရှိတဲ့ သွေးတွေကို သွေးလွန်တုတ်ကွေးရောဂါနဲ့ ထိခိုက်ဒဏ်ရာ ရရှိတဲ့လူနာတွေ၊  ခွဲစိတ်လူနာတွေအတွက် အဓိကထားပြီး အသုံးပြုနေတယ်လို့ သိရပါတယ်။ ကရုနာရှေးရှု မြန်မာမှုအဖွဲ့အနေနဲ့ တစ်နှစ်တစ်ကြိမ် သွေးပုလင်းပေါင်း ၁၈၀၀၀ ကျော်လှူဒါန်း ခဲ့ပြီးဖြစ်သလို ရှေ့သီတင်းပတ်မှာလည်း မန္တလေးမြို့ကို သွားရောက်ပြီး လှူဒါန်းဖို့ရှိပါတယ်။
6 years Ago
Up