ကရာဘောင်းဖလား ချန်ပီယံ

A d v e r t i s e m e n t With Us

December 22, 2020

ကရာဘောင်းဖလား ချန်ပီယံဖြစ်ရေး ကြိုးပမ်းမည်ဟု အာဆင်နယ်နည်းပြပြော

ကရာဘောင်းဖလားပြိုင်ပွဲက ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းမယ့် ပြိုင်ပွဲတရပ်ဖြစ်တယ်လို့ အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီခွဲအချိန်မှာ မန်စီးတီးအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။  ကရာဘောင်းဖလားက ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းမယ့် ပြိုင်ပွဲဖြစ်ပြီး ကွာတားဖိုင်နယ်မရောက်ခင်မှာလည်း လက်စတာနဲ့ လီဗာပူးတို့လို အသင်းကောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ အာတီတာက ပြောပါတယ်။  မန်စီးတီး နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း လတ်တလော ရလဒ်တွေ မကောင်းပေမယ့် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဝင်ဘလေကွင်းမှာ ကစားနိုင်ဖို့ခြေတစ်လှမ်းသာ လိုအပ်တော့တယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိရောက်နေပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
2 months Ago
Up