ကရာဘောင်းဖလား

January 5, 2021

ကရာဘောင်းဖလား ဆီမီးဖိုင်နယ်တွင် ကစားသမား ၅ ဦး လူစားလဲခွင့်ရ

ကရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ရရှိမယ်လို့ သိရပါတယ်။ အခုနှစ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇန်နဝါရီ ၆ ရက်နေ့ မနက် ၂ နာရီခွဲ စတင်မှာဖြစ်ပြီး စပါးအသင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။  တခြားဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကိုတော့ ဇန်နဝါရီ ၇ ရက် မနက် ၂ နာရီခွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  တစ်ကျော့တည်းစနစ်နဲ့သာ ကစားတော့မယ့် အခုနှစ်ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ လူစားလဲမှု ၅ ကြိမ်အထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာတော့ ၅ ဦး လူစားလဲခွင့်ကို အသင်းငယ်တွေဘက်က လက်မခံတာကြောင့် ၃ ဦး လူစားလဲခွင့်စည်းမျဉ်းအတိုင် ဆက်လက်ကျင့်သုံးနေတာပါ။  အချိန်ပိုအထိ ရောက်သွားမယ်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်တစ်ဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပေမယ့် လူစားလဲမှုအကြိမ်အရေအတွက် စုစုပေါင်းကတော့ ၅ ကြိမ်သာရှိ ရမယ်လို့ သိရပါတယ်။
11 months Ago

October 1, 2020

မန်စီးတီးနှင့် မန်ယူအသင်း ကရာဘောင်းဖလား ကွာတားဖိုင်နယ် တက်ရောက် (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်ပိုင်းက ကစားသွားတဲ့ ကရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ မန်ယူအသင်းတို့ နိုင်ပွဲကိုယ်စီရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။  မန်စီးတီးက ဘန်လေအသင်းနဲ့ အဝေးကွင်း ကစားခဲ့ရမှာ ၃ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။ ပထမပိုင်းပွဲချိန် ၃၅ မိနစ်ကတည်းက စတားလင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၄၉ မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။  မန်စီးတီးအတွက် တတိယမြောက်အနိုင်ဂိုးကိုတော့ ကစာသမားသစ် ဖာရန်တောရက်စ်က သွင်းယူခဲ့ပါတယ်။  မန်ယူအသင်းက ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ် ဆက်လက်ကစားခဲ့ရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တွန်မီနေး၊ မာတာနဲ့ ပေါ့ဘာတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။  တခြားပွဲစဉ်တွေမှာတော့ နယူးကာဆယ်က နယူးပေါ့ကောင်တီကို ပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီး အဲဗာတန်က ဝက်စ်ဟမ်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  ဒီကနေ့ညပိုင်းမှာ ဘရန့်ဖို့ဒ်နဲ့ ဖူဟမ်၊ အက်စ်တန်ဗီလာနဲ့ စတုတ်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်နဲ့ ဆက်ကစားကြမှာပါ။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 
1 year Ago
More News
Up