ကရာချိ

December 20, 2021

ကရာချိမြို့ရှိ ဘဏ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်သဖြင့် ၁၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စက်မှုဇုန်ဝင်းထဲက ရေဆိုးမြောင်းတခုပေါ် ခွဆောက်ထားတဲ့ ဘဏ်တခု ဒီဇင်ဘာ ၁၈ ရက်နေ့ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၀ သေဆုံး၊ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

အဲဒီဘဏ်ဟာ ပါကစ္စတန် အကြီးဆုံးဘဏ် (Habib Bank Limited) ရဲ့ ဘဏ်ခွဲတခုဖြစ်ပြီး ဂက်စ်ယိုစိမ့်မှုကြောင့် ပေါက်ကွဲတာလို့ ရဲအရာရှိက ပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်စဉ်ကို ကျနော်တို့ရဲ့ ကျွမ်းကျင်အဖွဲ့က ရှာနေပါတယ်။ ရေဆိုးမြောင်းပေါ် ခွဆောက်ပြီး အောက်က ဂက်စ်ပိုက်ပေါက်တာလို့ ယူဆရပါတယ်။”

ပေါက်ကွဲမှု ပြင်းပြီး အဆောက်အအုံသံတိုင်တွေ ကွေးလိမ်ကုန်တဲ့အပြင် ဘဏ်အနီးက ဓာတ်ဆီဆိုင်နဲ့ ကားပါကင်လည်း အတော်ပျက်စီးသွားပါတယ်။

ပါကစ္စတန်မှာ ဆောက်လုပ်ရေးဥပဒေတွေကို မလိုက်နာဘဲ အဆောက်အအုံတွေကို ဆောက်ချင်သလို ဆောက်ကြတာပါ။ 

ရေစီးရေလာမြောင်းတွေပေါ် ခွဆောက်ထားတာတွေ၊ နောက်ဖေးလမ်းကြားကို ကျူးဆောက်ထား တာတွေကို အစိုးရက အခုမှ လိုက်ရှင်းနေရပါတယ်။ 

1 month Ago

August 6, 2020

ကရာချိမြို့တွင် ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်း ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ သြဂုတ် ၅  ရက်က  အစိုးရတာဝန်ရှိသူတွေ ဦးဆောင်တဲ့  ကတ်ရှ်မီးယားဒေသခံ ထောက်ခံဆန္ဒပြပွဲအတွင်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် အယောက်  ၃၀ ထက် မနည်း  ဒဏ်ရာရခဲ့ပါတယ်။   အိန္ဒိယပိုင် ကတ်ရှ်မီးယားဒေသက  ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်အတန်း ရုပ်သိမ်းတဲ့ တစ်နှစ်ပြည့် အခမ်းအနားမှာ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရမ်ခန်းက   သူ့နိုင်ငံထိန်းချုပ်တဲ့ ကတ်ရှ်မီးယားဒေသက လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက အိန္ဒိယဝန်ကြီးချုပ်မိုဒီအစိုးရဟာ  အိန္ဒိယရဲ့ တစ်ခုတည်း သော မွတ်စလင်အများစုရှိရာ ဂျမူးနဲ့ကတ်ရှ်မီးယားပြည်နယ်ရဲ့ အထူးအခွင့်အရေးတွေကို ရုပ်သိမ်းပြီး  ပြည်ထောင်စုနယ်မြေ နှစ်ခုအဖြစ် ခွဲခြားလိုက်ပါတယ်။   မိန့်ခွန်းပြောရာမှာ  ပါကစ္စတန်ဝန်ကြီးချုပ်ခန်းက  အိန္ဒိယအစိုးရလုပ်ရပ်ကို ပြစ်တင် ရှုံ့ချ လိုက်ပြီး ပါကစ္စတန်ရဲ့ကြိုးပမ်းချက်ကြောင့် ကတ်ရှ်မီးဒေသ အနိုင်ကျင့်ခံရမှုကို ကမ္ဘာက အာရုံစိုက်လာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။  နောက်ပြီး  ဒီလနှောင်းပိုင်းမှာ ကတ်ရှ်မီးယား ခွဲထွက်ရေးခေါင်းဆောင် ဆာယက်အလီ ဂီလန်နီကို   ပါကစ္စတန်ရဲ့အမြင့်ဆုံး အရပ်သားဆု ချီးမြှင့်သွားမယ်လို့လည်း  ထည့်သွင်း ပြောဆိုခဲ့ ပါတယ်။   
1 year Ago
More News
Up