ကရင်အမျိုးသားအစည်းအရုံး KNU-KNLA

February 26, 2021

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အာဏာသိမ်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ စစ်တပ်နဲ့   ကရင်အမျိုးသားအစည်းအရုံး KNU-KNLA  တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

KNLA တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေမှာ ဖေဖေါ်ဝါရီ ၂၆ ရက် ၁၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်အဖွဲ့ရဲ့ စစ်တပ်က  တစ်မိုင်ကုန်းမှအသွားလမ်း မာနာကုန်းရွာ အရောက်မှာ KNLA နယ်မြေဖြစ်တဲ့အတွက် လုံခြုံရေးဂိတ်မှ ခွင့်ပြုချက်မရဘဲ သွားတဲ့အတွက် KNLA တပ်ဘက်က စတင်ပစ်ခတ်တာလို့   KNLA တပ်သားတစ်ဦးက ပြောပါတယ်။ 

ပစ်ခတ်တဲ့အချိန်မှာ စီမံအုပ်ချုပ်စစ်တပ်ဘက်မှ ၄ ဦးသေနတ်ထိမှန်ခဲ့တာကို လမ်းမပေါ်မှာ တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး မိနစ် ၂၀ လောက်အထိ  နှစ်ဘက်စောင့်ကြည့်နေရာအသင့်ယူထားပြီး တိုက်ပွဲဖြစ်နေရာမှ ထွက်ခွါခြင်း မရှိသေးဘူးလို့သိရပါတယ်။

ဖိုးစီ

2 years Ago
Up