ကရင်နှစ်သစ်ကူးနေ့

A d v e r t i s e m e n t With Us

January 13, 2021

ဘားအံတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား အကျဉ်းချုံးကျင်းပ

ကရင်​သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်၊  ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနားနဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံ့မြို့ရှိ  ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ မနက် ၆ နာရီမှာ အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်တာ၊  အလံလွှင့်တင်တာ၊ တက်ရောက်လာသူတွေက ကရင်အလံကို အလေးပြုတာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်နယ်ဝန်ကြီးချုပ်တို့ထံက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကရင်အလံတော်သမိုင်း၊ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံကို ဗမာ၊ ပိုးကရင်၊ စကောကရင် ဘာသာနဲ့ ဖတ်ကြားခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလဖြစ်လို့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အကျဉ်းချုံး ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ သတင်း- ရဲမင်းခေါင်
2 months Ago
Up