ကရင်နီပြည်သူများနှင့်အတူ ရပ်တည်ဆန္ဒပြသူများကို ဖေဖော်ဝါရီ  ၅ ရက်နေ့ အမိန့်ချမည်

January 27, 2020

ကရင်နီပြည်သူများနှင့်အတူ ရပ်တည်ဆန္ဒပြသူများကို ဖေဖော်ဝါရီ  ၅ ရက်နေ့ အမိန့်ချမည်

ကရင်နီပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ရန်ကုန်မှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒီကနေ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ အပြီးသတ်အမိန့် မချမှတ်ဖြစ်ခဲ့ဘဲ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့ အမိန့်ချမှတ်ဖို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲနဲ့ စပ်လျဉ်းပြီး ကရင်နီပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုမိုးဃ်းသွေး၊ ကိုတင်ထွဋ်ပိုင်၊ မအိသဉ္ဇာမောင်၊ မမူဇူဇန်း၊ ကိုအောင်မှိုင်းဆန်း၊ မအိအိမိုး၊ ကိုမင်းဘုန်း၊ ကိုလင်းထက်နိုင်၊ ကိုသက်ဆွေဝင်း စုစုပေါင်း ၉ ဦး ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA 
1 year Ago
Up