ကရင်နီပြည်လူငယ်အင်အားစု

February 2, 2021

တပ်မတော် အာဏာသိမ်းမှုအပေါ် ကရင်နီပြည်လူငယ်အင်အားစု ရှုတ်ချ

ရွေးကောက်ပွဲရလဒ်နဲ့ မဲစာရင်းအငြင်းပွားဖွယ်ရာကိစ္စတွေကို အကြောင်းပြပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ  စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကရင်နီပြည်လူငယ် အင်အားစုက ထုတ်ပြန်လိုက်ပါတယ်။

ဒီက​နေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေတဲ့အပြင် ပြည်သူကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မည်သည့်အခြေအနေမဆို  ကရင်နီပြည်လူငယ်အင်အားစုအနေနဲ့  လူထုနဲ့ တသားတည်း ရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

10 months Ago
Up