ကရင်

May 21, 2020

မွန်၊ ကရင်၊ တနင်္သာရီ အတွက် COVID-19 စစ်ဆေးပေးမည့်စက် ယခုလအတွင်းရောက်မည်

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသအတွင်းရှိ COVID- 19 စောင့်ကြည့်သံသယလူနာတွေကို ဓာတ်ခွဲစစ်ဆေးမယ့် စက်ဟာ ဒီလအတွင်း ရောက်လာမယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။  COVID-19 ရောဂါ စစ်ဆေးမယ့် စက်ကိုတော့ မော်လမြိုင် တီဘီရောဂါ တိုက်ဖျက်ရေးဌာနခွဲရှိ ဇီဝလုံခြုံရေးအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်းမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဓာတ်ခွဲစစ်ဆေးဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန NHL မှာ သင်တန်းပေးနေပါတယ်။  ဒါပေမယ့် ဓာတ်ခွဲစစ်ဆေးရာမှာတော့  ဝန်ထမ်းလိုအပ်ချက် ရှိနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြန်လည် တင်ပြထားတယ်လို့ ဒေါက် တာထွန်းအောင်ကြည်က ပြောပါတယ်။ COVID- 19 ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့ဆိုရင် အနည်းဆုံး ကျွမ်းကျင်ပညာရှင် အပါအဝင် ဝန်ထမ်း ၁၅ ဦးလောက် လိုအပ်နေတာပါ။  သတင်း-ဇော်လွင်ထွဋ် 
11 months Ago
Up