ကရင်​နီလူငယ်​ ၅၅ ဦးကို စွဲထားသည့်  ငြိမ်းစုစီအမှုများအားလုံး ပြန်​ရုပ်​သိမ်း

February 20, 2019

ကရင်​နီလူငယ်​ ၅၅ ဦးကို စွဲထားသည့်  ငြိမ်းစုစီအမှုများအားလုံး ပြန်​ရုပ်​သိမ်း

ဗိုလ်​ချုပ်​​ကြေးရုပ်​ကန့်​ကွက်​လှုပ်​ရှားလို့ ငြိမ်းစုစီ ဥပဒေပုဒ်​မ ၁၉၊ ၂၀ နဲ့တရားရင်​ဆိုင်​​နေရတဲ့ ကရင်​နီပြည်​လူငယ်​အင်​အားစုက လူငယ်​ ၅၅ ဦးရဲ့အမှုကို လွိုင်​​ကော်​မြို့နယ်​ တရားရုံးက ဒီက​နေ့ ပြန်​ရုပ်​သိမ်းလိုက်​ပါတယ်​။ ကရင်​နီပြည်​လူငယ်​အင်​အားစုမှ ကိုဒီးဒီက "ဟိုးအရင်​ ​ကြေးရုပ်​ကန့်​ကွက်ကတည်းက ပါဝင်​ခဲ့တဲ့သူ​တွေ​ရော၊ ဒီ​နောက်​ပိုင်း ပါဝင်​ခဲ့တဲ့လူ​တွေအားလုံးလည်း ပါပါတယ်​။ သူတို့ သ​ဘောတူညီချက်အရ အမှုရုပ်​သိမ်းဖို့ပါတဲ့အတွက်​ ဒီရက်​​တော့ အားလုံးကို ရုပ်​သိမ်းလိုက်​ပါတယ်​" လို့ ​ပြောပါတယ်​။ ​​ဖေ​ဖော်​ဝါရီ ၁၂ ရက်​​က ဗိုလ်​ချုပ်​​ကြေးရုပ် ​ကန့်​ကွက်​​ရေး​ ကော်​မတီနဲ့ ​ပြည်​နယ်​အစိုးရတို့ရဲ့ နှစ်​ဖက်​သ​ဘောတူညီချက်​အရ ခုလို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်​။ ပြည်​နယ်​အစိုးရက ဗိုလ်​ချုပ်​​ကြေးရုပ်​ကိစ္စဟာ အစိုးရနဲ့မဆိုင်​ဘဲ ​ကြေးရုပ်​ဖြစ်​​မြောက်​​ရေး ​ကော်​မတီနဲ့သာ သက်​ဆို​င်ကြောင်း  ​ပြောဆိုခဲ့​ပေမယ့် ​ကြေးရုပ်​ဖြစ်​​မြောက်​​ရေး​ကော်​မတီကတော့ ဒီကိစ္စအ​ပေါ် တာဝန်​မခံ​နိုင်​​ကြောင်းနဲ့ အစိုးရနဲ့သာဆိုင်​​ကြောင်းပြန်​လည်​ ​ပြောဆိုထားပါတယ်​။ ဒါ​ကြောင့် ကရင်​နီလူငယ်​​တွေအ​နေနဲ့ ​ကြေးရုပ်​ကိစ္စနဲ့ပတ်​သက်​ပြီးတလအတွင်း ​စောင့်ကြည့် မှာဖြစ်​ပြီး အစိုးရဘက်​က တုံ့ပြန်​မှုမရှိပါက လုပ်​သင့်လုပ်​ထိုက်​တာကို ဆက်​လုပ်သွားမယ်​လို့ ဆိုပါတယ်​။ လွန်​ခဲ့တဲ့ ၁၅ ရက်​​ကလည်း ကရင်​နီလူငယ်​ ၉ ဦးအပေါ်စွဲထားတဲ့ ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ (ခ)၊( ဂ)အမှုကို ရုပ်​သိမ်းခဲ့သလို ဒီ​နေ့ ငြိမ်းစုစီပုဒ်​မ ၁၉နဲ့  ၂၀ အမှုကို ထပ်​မံရုပ်​သိမ်းတာ​ကြောင့် ကရင်​နီလူငယ်​​တွေရင်​ဆိုင်​​နေရတဲ့ အမှုအားလုံး ရုပ်​သိမ်းပြီးဖြစ်​ပါတယ်​။   သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago
Up