ကရင်ပြည်နယ်ဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

March 13, 2018

ကရင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီပေးရေး အိန္ဒိယသံအမတ်ကြီးနှင့် ၀န်ကြီးချုပ် ဆွေးနွေး

  ကရင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေ ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ဟာ ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr,Vikram Misir နဲ့ ဒီနေ့မနက်ပိုင်း ပြည်ထောင်စုရိပ်သာ၊ ပဒိုဒေးဗစ်တော ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေ ကူညီထောက်ပံ့မှုပေးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ နည်းပညာနဲ့ စက်ကိရိယာတွေ ကူညီထောက်ပံ့မှုပေးနိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် သံလွင်မြစ်ကြောင်းထိန်းသိမ်းရေးအတွက် မြစ်ကမ်းထိန်းနံရံနဲ့ မြစ်ကြောင်းပြန်လည်တူးဖော်နိုင်ရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမှတဆင့် ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လိုအပ်သော အစီအမံတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြည်နယ်လူမှုရေး ၀န်ကြီးဒေါက်တာ တင်ဝင်းကျော်က ပညာရေးနဲ့ ကျန်းမာရေး။ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သန့်ရှင်းသောသောက် သုံးရေနဲ့ စိုက်ပျိုးရေ ရရှိမှုအခြေအနေတွေ။ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က မြို့ရွာသန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ကုန်သည်ကြီးများအသင်းနှင့် ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယသံအမတ်ကြီးဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ ဘားအံမြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပရေးနဲ့ လမ်းတိုးချဲ့မှု စီမံကိန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - စောမျိုးမင်းသိန်း(ပြန်/ဆက်)
3 years Ago

July 16, 2017

ကရင်ပြည်နယ်ဝန်ကြီးချုပ် ကျန်းမာရေးကောင်းလာ၍ ရက်ပိုင်းအတွင်း ဆေးရုံက ဆင်းမည်

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးကောင်းမွန်လာကာ လာမယ့်ရက်ပိုင်းအတွင်း ဆေးရုံက ဆင်းပြီး ကရင်ပြည်နယ်ကို ပြန်တော့မယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခြေထောက်ကို ဇူလိုင် ၁၅ ရက်နေ့က ခွဲစိတ်ကုသခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ကျန်းမာရေးကောင်းပါတယ်။ ထိုင်နိုင်ပြီ။ စားသောက်နိုင်ပါတယ်။ ဆရာဝန်တွေက ရက်ပိုင်းလောက် ခြေထောက်ကို အနားပေးထားဖို့ ပြောပါတယ်။ ခွဲစိတ်မှုကလည်း ဘာမှ အစားမထိုးရပါဘူး။ အောင်အောင်မြင်မြင်ပါပဲ။ ၁ ရက် ၂ရက် နေရင် ကရင်ပြည်နယ်ပြန်မှာပါ။ ဝန်ကြီးချုပ်ကတော့ ဘားအံပြန်ရောက်တာနဲ့ ထိုင်ပြီး လုပ်လို့ရတဲ့အလုပ်တွေ စလုပ်တော့မယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက တောင်ကလေးဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ ပါရမီတံတားဖွင့်ပွဲကိုအသွား ဝန်ကြီးချုပ်ရဲ့ မော်တော်ယာဉ် တိုက်လော့ပြုတ်ပြီး လမ်းဘေးကျွန်းပင်ကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို ဆေးတက်ရောက်ကုသဖို့အတွက် ရောက်ရှိလာတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံရယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကြည့်ရှုခဲ့ပါတယ်။ အာကာ
4 years Ago
Up