ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့်ပိတ်ထားရသည့်ကျောင်းများ အချိန်ပိုပြန်သင်ပေးမည်

July 31, 2018

ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့်ပိတ်ထားရသည့်ကျောင်းများ အချိန်ပိုပြန်သင်ပေးမည်

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေကြီးမှုကြောင့် ဒီကနေ့ အထိ ပိတ်ထားရသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းပေါင်း ၄၀၀ လောက်ရှိတယ်လို့  ကရင်ပြည်နယ်ပညာရေးမှူးထံက သိရပါတယ်။ ဘားအံမြို့နယ်မှာ ၂၁၇ ကျောင်း၊ လှိုင်းဘွဲမြို့နယ်မှာ ၆၆ ကျောင်း၊ ဖာပွန်မြို့နယ်မှာ ၄၂ ကျောင်း၊ ကော့ကရိတ်မြို့နယ်မှာ ၄၇ ကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၂၃ ကျောင်းနဲ့ မြို့ဝတီမြို့နယ်မှာ ၁ ကျောင်း၊ စုစုပေါင်း ၃၉၆ ကျောင်း ပိတ်ထားရတာပါ။ ပိတ်ထားခဲ့ရတဲ့ အခြေခံပညာကျောင်းတွေရှိ  ကျောင်းသားတွေပညာ သင်ကြားမှု နောက်မကျစေဖို့  ပုံမှန် ကျောင်းပိတ်ရက်(၂)ရက်မှာ (၁)ရက် ပြန်ဖွင့်မှာ ဖြစ်သလို ကျောင်းဖွင့်ရက်မှာ အချိန်ပိုဖွင့်ကာ ပြန်လည်သင်ကြားပေးမယ်လို့လည်း ကရင်ပြည်နယ် ပညာရေးမှူး ထံက သိရပါတယ်။
5 years Ago
Up