ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန်မူကျေးရွာအုပ်စု နိုင်းဆွယ်ရွာက ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ ဇူလိုင် ၅ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည် အိမ်ခြေ ၆၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အဆိုပါမီးလောင်မှုဟာ ရပ်ကွက် ၅ ထဲမှာ ဖြစ်သွားတာဖြစ်ပြီး အမှန်တကယ် မီးလောင်တာ အိမ်ခြေ ၃၀ ကျော်သာရှိပေမယ့် မီးတွေဆက်ပြီး ကူးစက်လောင်ကျွမ်းမှုမဖြစ်အောင် ကျန်တဲ့ အိမ်တွေပါ ဖျက်လိုက်ရလို့ စုစုပေါင်း အိမ် ၆၀ လောက် ပျက်စီးသွားတယ်လို့ စခန်းတွင်း နေထိုင်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးဘေးဒုက္ခသည်အခြေအနေတွေ သိရဖို့ ဒုက္ခသည်စခန်းကော်မတီကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ဓာတ်ပုံ- Khu Oo Kayah
6 years Ago