ကရင်ဒုက္ခသည်

October 26, 2016

နို့ဖိုးဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်များ ပထမဆုံးအကြိမ် အိမ်ပြန်ပြီ

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ ဒီကနေ့မနက်က မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ပါတယ်။ ဒီကနေ့မနက် ၈ နာရီ စခန်းကနေ စတင်ထွက်ခွာသွားပြီဖြစ်ပြီး ဒုက္ခသည်တွေကို ထိုင်း အာဏာပိုင်တွေက စခန်းကနေ မြဝတီအထိ ပို့ဆောင်ပေးပြီး မြန်မာအစိုးရ တာဝန်ရှိ သူတွေ ဘက်ကတော့ မြ၀တီမြို့ ကျောက်လုံးကြီး ယာယီစခန်းမှာ နေရာချထားဖို့ ပြင်ဆင်ထား ပါတယ်။ ကျောက်လုံးကြီးယာယီစခန်းကနေ တဆင့် ကရင်ပြည်နယ်အစိုးရကနေ သူတို့ရဲ့ သက်ဆိုင်ရာ ဒေသအသီးသီးကို သူတို့ပြန်လိုနေတဲ့ဒေသဆီကို ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။ အစောပိုင်းက မိသားစု ၂၆ စု လူပေါင်း ၉၀ ဦး နေရပ် ပြန်ဖို့ စာရင်းပေးသွင်းခဲ့ပေမယ့် တချို့ ကရင်ဒုက္ခသည်တွေက မြ၀တီဘက်ကို မပြန်လိုဘဲ နို့ဖိုးစခန်းနဲ့ နီးတဲ့ဒေသကနေ ပြန်ချင်တဲ့အတွက် လူဦးရေလျော့သွားတာလို့ ဒုက္ခသည် စခန်းက ဦးလင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။ ဓာတ်ပုံ - ဦးလင်းလင်း
6 years Ago
Up