ထိုင်း-မြန်မာနယ်စပ် တောလမ်းကတဆင့် ဖခင်က ထမ်းပိုးသယ်ဆောင်ပြီး ဆေးကုသဖို့ ရောက်လာခဲ့တဲ့ ၇ နှစ်သား ကရင်ကလေးငယ်ကို ဆေးကုသပေးနေတယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တာ့ခ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး စကိုင်းဒေါက်တာအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
စကိုင်းဒေါက်တာ ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က ဆွန်ဒေ့ဂ်ျပရာဂျာအိုမဟာရတ် ဆေးရုံနဲ့ ဆက်သွယ်ခဲ့ပြီးနောက် လေယာဉ်နဲ့တဆင့် ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ကရင်ကလေးငယ်ဟာ အပြင်းဖျားနေခဲ့တာ ၁၀ ရက်လောက် ရှိနေပြီး လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ အခြေအနေ ပိုဆိုးလာတဲ့အတွက် အကူအညီရနိုင်ဖို့ တောလမ်းကတဆင့် ဖခင်က ထမ်းပိုးသယ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ကို ဆေးရုံမှာ ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေခဲ့ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
5 years Ago