ကယ်လီဖိုးနီးရားတောမီး

October 25, 2019

ကယ်လီဖိုးနီးယားတောမီးကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သမိုင်းဝင် ဝိုင်ထုတ်လုပ်တဲ့ ဒေသမှာ တောမီးအကြီးအကျယ် လောင်နေတာကြောင့် ရာချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။  ဆိုနိုမာဒေသမှာ တောမီးအလျင်အမြန်ကူးစက်လောင်ကျွမ်းနေပြီး  အနားက နေအိမ်ပေါင်း နှစ်သိန်းကျော်မှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။  လေပြင်းတွေ တိုက်ခတ်နေတာကြောင့် အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ မြေဧက ၁ သောင်းလောက်ကို တောမီးဝါးမြိုခဲ့တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီး ကာကွယ်ရေးဌာနက ပြောပါတယ်။  ဒါ့ကြောင့် ဆိုနိုမာဒေသမှာ ဒေသခံ ၉၀၀ နီးပါးလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။  ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ့်မြို့ မြောက်ပိုင်းက ဆန်တာ ကလာရီတာမြို့မှာလည်း  တောမီးတွေ အမြန်ကူးစက်လာတာကြောင့် ဒေသခံင ၅ သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up